DVB Logo
Home
မြန်မာသတင်း
ညောင်လေးပင်တွင် ရေနုတ်မြောင်းများ ပိတ်ဆို့ထားမှုကြောင့် လယ်မြေများ ရေနစ်မြုပ်
DVB
·
October 30, 2017
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်မှာ ရေနုက်မြောင်းတွေကို အင်းလုပ်သားတွေက ပိတ်ဆို့ထားတာကြောင့် လယ်ယာမြေတွေ ရေကြီးနစ်မြုပ်ပြီး စပါးခင်းတွေ ပျက်ဆီးဆုံးရှုံးနေရတယ်လို့ တောင်သူတွေက ပြောပါတယ်။

ညောင်လေးပင်မြို့နယ်ထဲက မုက္ခမှူကျေးရွာ ပုဇွန်မြောင်းကျေးရွာ၊ အင်းဝိုင်းကျေးရွာ၊ ရေကြည်ချောင်းကျေးရွာ၊ အင်ချောင်ကျေးရွာ၊ ဆုံကွဲကျေးရွာ၊ ကြာအင်းကြီးကျေးရွာမှာရှိတဲ့ လယ်ယာမြေဧက ၂ သောင်းကျော် ရေကြီးနစ်မြုပ်မှုဒဏ် အများဆုံး ခံနေရတယ်လို့ ဆိုပါတယ်။

စပါးခင်းတွေ မှည့်ကာ ရိတ်သိမ်းရာသီချိန် ရောက်နေပေမယ့် လယ်မြေတွေထဲ ရေရောက်ရှိနေတာကြောင့် အချိန်မီ မရိတ်သိမ်းနိုင်ဘဲ စပါခင်းတွေလည်း ပျက်စီရှုံးမှုတွေ ဖြစ်ပေါ်နေရကာ ပဲစိုက်တောင်သူတွေအတွက်လည်း စိုက်ပျိုးချိန် နောက်ကျနေရတယ်လို့ တောင်သူတွေက ပြောပါတယ်။

“ကျနော်တို့ လယ်တွေက ရေထွက်ပေါက်တွေကို အင်းလုပ်သားတွေက ပိတ်ပြီး ငါးရှာနေကြတယ်။ မြင်းဝန်းဆည်ကြီးတွေ၊ ချောင်းမြောင်းတွေကိုပိတ်ပြီး ငါးဖမ်းကြတယ်။ အဲဒါကြောင့် မိုးရွာတာနဲ့ ရေကလယ်ထဲက မထွက်နိုင်ဘူး။ လယ်ထဲမှာ ရေက ဒူးလောက်ရှိတယ်။ ခုစပါးတွေ မှည့်နေပြီး ခုချိန်ထိ မရိတ်သိမ်းနိုင်ဘူး။ စပါးပင် အောက်ခြေတွေလည်း ရိနေပြီ။ ရက်ကလည်း ကြာလာတော့ စပါးတော်တော်များများပျက်စီးနေပြီ” လို့ တောင်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

ညောင်လေးပင်မြို့နယ်မှာ မိုးစပါး၊ နွေစပါး၊ ဆောင်းသီးနှံဆိုပြီး တနှစ်ပတ်လုံး တောင်သူတွေ ရာသီအလိုက် စိုက်ပျိုးကြတာပါ။

ဒီနှစ် စပါးပေါ်ချိန်မှာ စပါးဈေး ၅ သိန်းနီးပါး ပေါက်ဈေးရှိနေပေမယ့် စပါးခင်းတွေ ပျက်စီးကာ အရှုံးပေါ်နေသလို ပဲစိုက်ချိန် နောက်ကျနေတာကြောင့် စိုက်ဘဏ်ချေးငွေ ပြန်ဆပ်နိုင်ဖို့ အခက်အခဲတွေနဲ့လည်း ကြုံနေရတယ်လို့ တောင်သူတွေက ပြောပါတယ်။

သတင်း - နေလင်းထိုက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013