DVB Logo
Home
မြန်မာသတင်း
ထီးချိုင့်မြို့နယ် တရုတ်တင်ပို့မည့် နွားအကောင် ၃၀ ဖမ်းမိ
DVB
·
October 30, 2017
ထီးချိုင့်မြို့နယ် တရုတ်တင်ပို့မည့် နွားအကောင် ၃၀ ဖမ်းမိ
1 / 4
Donate to DVB

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ကနေ တရုတ်ပြည်နယ်စပ်ရှိ ကချင်ပြည်နယ်၊ လွယ်ဂျယ်မြို့ကို တင်ပို့မယ့် နွားထီးအကောင် ၃၀ စုစုပေါင်း ကာလတန်ဖိုး ကျပ်သိန်း ၁၅၀ ဖိုး ဖမ်းဆီးမိခဲ့ပါတယ်။

မန္တလေး-ဗန်းမော်သွားကားလမ်း ထီးချိုင့်မြို့နယ်၊ တုံလုံကျေးရွာမှာ ဖမ်းဆီးရမိခဲ့တာပါ။

ကားပေါ်မှ စုစုပေါင်း အကောင် ၃၀ ကို နွားပိုင်ရှင်ဖြစ်သူ ဝိုင်းမော်မြို့ ဂွေထုလဝါယန်ပြည်သူ့စစ်အဖွဲ့က ဗိုလ်ကြီးအဆင့်ရှိသူ ဦးဖော်လာနော်ဆန်းတို့ကို သက်သေအထောက်အထား ခိုင်လုံအောင်မပြနိုင်တဲ့အတွက် ဖမ်းဆီးခဲ့တာပါ။

နွားတွေနဲ့ပတ်သက်ပြီး စစ်ဆေးတဲ့အခါ မြင်းခြံမြို့နယ် တိ/မွေး/ကျန်းရဲ့ ထောက်ခံချက် စာရွက်စာတမ်းတွေကိုသာ တွေ့ရပြီး စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ကျွဲ၊ နွားသယ်ဆောင်ခွင့်ပြုမိန့် တစုံတရာ မပါရှိတဲ့အတွက် အရေးကြီးကုန်စည်ခွန်ဥပဒေနဲ့ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

အခုဖမ်းဆီးရမိတဲ့ နွားထီးအကောင် ၃၀ နဲ့ပတ်သက်ပြီးတော့လည်း ပြည်သူ့စစ်အဖွဲ့က ဗိုလ်ကြီးအဆင့်ရှိသူ ဦးဖော်လာနော်ဆန်းပါ ၃ ယောက်ကို အောက်တိုဘာ ၂၆ ရက်နေ့က ကမ်းနီးရဲကင်းစခန်းမှုး ရဲအုပ်ကြည်လွင် တရားလိုပြုလုပ်ပြီး ထီးချိုင့်မြို့မရဲစခန်းမှာ အရေးကြီးကုန်စည်ဥပဒေပုဒ်မ ၅ အရ အမှုဖွင့်အရေးယူဆောင်ရွက်နေပါတယ်။

သတင်းနှင့်ဓာတ်ပုံ - အောင်ကိုလတ်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013