DVB Logo
Home
မြန်မာသတင်း
မြန်မာ့တပ်မတော်ထောက်ခံပွဲ ရန်ကုန်မြို့တော်ခန်းမရှေ့တွင် ပြုလုပ်
DVB
·
October 29, 2017
မြန်မာ့တပ်မတော်ထောက်ခံပွဲ ရန်ကုန်မြို့တော်ခန်းမရှေ့တွင် ပြုလုပ်
1 / 5
Donate to DVB

 

မြန်မာ့တပ်မတော်ကို ချစ်ခင်မြတ်နိုးသူများအဖွဲ့ကဦးစီးပြီးတော့ မြန်မာ့တပ်မတော်နဲ့ နိုင်ငံဝန်ထမ်းကောင်းတွေကို ထောက်ခံပွဲကို ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ အောက်တိုဘာ ၂၉ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။

ဒီပွဲကို မြန်မာ့တပ်မတော်ကိုချစ်ခင်မြတ်နိုးသူများအဖွဲ့က ဦးဆောင်ပြုလုပ်တာဖြစ်ပြီး ရဟန်းသံဃာနဲ့ ထောက်ခံသူပရိတ်သတ် ထောင်ချီတက်ရောက်ခဲ့ကြပါတယ်။

ဒီထောက်ခံပွဲမှာ မြင်းခြံဆရာတော်၊ အဆိုတော်လီလီနိုင်ကျော်တို့အပြင် အလှမယ် ရွှေအိမ်စည်နဲ့ လွှတ်တော်အမတ်ဟောင်း ဘူးလက်ဦးလှဆွေတို့က တက်ရောက် ဟောပြောခဲ့ကြပါတယ်။

တပ်တော်အပေါ်ဘက်ပေါင်းစုံက ဖိအားပေးနေတဲ့အခြေနေကြောင့် အခုလိုထောက်ခံ အားပေးတာတွေ လုပ်ရတာဖြစ်ပြီး နိုင်ငံရေးအရ မငြိမ်သက်တဲ့ဒေသတွေမှာ သွားရောက် တာဝန်ထမ်းဆောင်နေတဲ့ ၀န်ထမ်းတွေကို ဂုဏ်ပြုတာဖြစ်တယ်လို့ဆိုပါတယ်။

ဒီလိုထောက်ခံမူတွေအပြင် ရခိုင်အရေးနဲ့ ပတ်သတ်ပြီး တိကျတဲ့ လမ်းညွန်ချက်တွေ ထုတ်ပေးဖို့ နိုင်ငံတကာမီဒီယာတွေရဲ့ ပုံဖော်မှုတွေကြောင့် တပ်မတော်ကို နိုင်ငံတကာက ဖိအားပေးနေတာတွေနဲ့ ပတ်သက်ပြီး ရှုတ်ချကြောင်းထုတ်ပြန်ပေးဖို့ နိုင်ငံတော်သမ္မတကိုလည်း တောင်းဆိုခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013