DVB Logo
Home
မြန်မာသတင်း
စေတီစိန်ဖူးတော်ခိုးယူ၍ မြောင်းထဲဖွက်ထားသည့် အမျိုးသားအား ဖမ်းဆီး
DVB
·
October 29, 2017
စေတီစိန်ဖူးတော်ခိုးယူ၍ မြောင်းထဲဖွက်ထားသည့် အမျိုးသားအား ဖမ်းဆီး
Donate to DVB

 

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ် မြင်းကျိုးချောင်း ကျေးရွာမှာ တည်ထားကိုးကွယ်တဲ့ စေတီစိန်ဖူးတော်ခိုးယူပြီး မြောင်းထဲဖွက်ထားတဲ့ အမျိုးသားတဦးကို ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်

မြင်းကျိုးချောင်းကျေးရွာမှာ တည်ထားကိုးကွယ်တဲ့ ဉာဏ်တော် ၃၀ ပေရှိတဲ့ လောကမာန်အောင်စေတီတော်က သိန်း ၁၅၀ တန် စိန်ဖူးတော်ဟာ ဩဂုတ်လ ၁၉ ရက်နေ့က ခိုးယူ ခံခဲ့ရတာဖြစ်ပြီး ဂေါပကအဖွဲ့က အနီးပတ်ဝန်းကျင်ကျေးရွာတွေမှာ မေးမြန်းစုံစမ်းခဲ့ရာမှာတော့ မြင်းကျိုးချောင်းအုပ်စု ညောင်ပင်တန်းကျေးရွာမှာ နေထိုင်တဲ့ ချစ်ကို ဆိုသူက ခိုးယူခဲ့တာလို့ ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့က ပြောပါတယ်။

“တစ်အုပ်စုတည်း ရွာသားပါပဲ၊ ပျောက်တာ သြဂုတ်လကတည်းက ပျောက်တာပါ။ ခိုးပြီးမြောင်းထဲ ဖွက်ထားတာပေါ့၊ အဲဒါ ရွာက ဂေါပကအဖွဲ့နဲ့ ဆရာတော်တို့လိုက်ပြီး စုံစမ်းတာမှာ မသင်္ကာလို့ခေါ်မေးတာ သူကဝန်ခံပါတယ်” လို့ ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှုးကြီးခင်မောင်လတ်က ပြောပါတယ်။

စေတီစိန်ဖူးတော်ခိုးယူခဲ့သူ ချစ်ကို ကို ရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်းရာမှာတော့ ခိုးယူကြောင်းဝန်ခံခဲ့ပြီး စိန်ဖူးတော်ကိုတော့ မြင်းကျိုးချောင်း ကျေးရွာနဲ့ ဒေါင့်ကြီးကျေးရွာကြားမှာရှိတဲ့ ရေမြောင်းထဲက ပြန်လည်တွေ့ရှိခဲ့ပေမယ့်လည်း စိန်ဖူးတော်က ရတနာပစ္စည်းတချို့ ပျောက်ဆုံးနေသေးတယ်လို့ စေတီတော်ဂေဂါပက အဖွဲ့က သိရပါတယ်။

လေးမျက်နှာမြို့မရဲစခန်းက ချစ်ကိုကို ရာဇသတ်ကြီးပုဒ်မ ၃၇၉/၂၉၅-က တို့နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

မြမင်းဦး(ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013