DVB Logo
Home
မြန်မာသတင်း
နိုင်ငံတော်အကြီးအကဲများ လုံခြုံရေး အင်မတန်စိုးရိမ်စရာကောင်းဟု ဦးဝင်းထိန်ပြော
DVB
·
October 29, 2017
နိုင်ငံတော်အကြီးအကဲများ လုံခြုံရေး အင်မတန်စိုးရိမ်စရာကောင်းဟု  ဦးဝင်းထိန်ပြော
Donate to DVB

 

ဖြိုးကိုကိုတင့်ဆန်းနဲ့အတူ ဖမ်းမိခဲ့တဲ့ လက်နက်တွေဟာ သာမန်လက်နက်မျိုး မဟုတ်တာ ကြောင့် နိုင်ငံတော်အကြီးအကဲတွေရဲ့ လုံခြုံရေး အင်မတန်စိုးရိမ်စရာ ကောင်းတယ်လို့ ဦးဝင်းထိန်က ပြောပါတယ်။

“လုံခြုံရေးနဲ့ ပတ်သက်လို့ အမြင်နဲ့ ကြည့်မယ်ဆိုရင် ဒီကလေးတွေ လက်နက်တွေနဲ့ အများကြီး မိတယ်ဆိုတာ အင်မတန်စိုးရိမ်စရာ ကောင်းတယ်။ နောက်တခုက သူတို့လက်နက်က သာမန်လက်နက်မဟုတ်ဘူး။ ဒီစနိုက်ပါ စကုတ်တွေပါတဲ့အခါကြတော့ အန္တရာယ်ကြီးတာပေါ့”လို့ ဦးဝင်းထိန်က ပြောပါတယ်။

နိုင်ငံတော်သမ္မတ၊ ဒုသမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ရဲ့ လုံခြုံရေးကို လက်ရှိတာဝန်ယူထားတဲ့ အစိုးရ ဆောင်ရွက်နေပြီး ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ပေးဖို့ ဆွေးနွေးတိုင်ပင်မှုတွေတော့ရှိပေမယ့် ၀င်စွက်ဖက်တာမျိုးတော့ မဟုတ်ဘူးလို့ ဦးဝင်းထိန်က ပြောပါတယ်။

အောက်တိုဘာလ ၂၉ ရက်နေ့က နေပြည်တော် စည်ပင်ဧည့်ရိပ်သာ ၂ (လွှတ်တော် ကိုယ်စားလှယ်များနေထိုင်ရာ) ရှိ စားရိပ်သာ ၄ အစည်းအဝေးခန်းမမှာ အန်အယ်လ်ဒီပါတီရဲ့ CEC အစည်းအဝေးကို ကျင်းပပြုလုပ်အပြီးမှာ ဦးဝင်းထိန်က ပြောဆိုခဲ့တာပါ။

အစည်းအဝေးမှာ အမျိုးသမီးအဖွဲ့ ပြန်လည်ဖွဲ့စည်းခြင်း၊ အလုပ်သမားရေးရာကော်မတီ ဖွဲ့စည်းခြင်း၊ ပါတီစည်းကမ်းနဲ့ ပတ်သက်ပြီး အရေးယူမှုအပိုင်းတွေမှာ အယူခံဝင်နိုင်ဖို့အတွက် အဖွဲ့ဖွဲ့စည်းတာတွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ပါတီအနေနဲ့ လာမယ့်ရွေးကောက်ပွဲအတွက် ပြိုင်ဘက်ပါတီဆိုတာ လောလောဆယ် အချိန်ထိ မတွေ့ရှိသေးဘူးလို့လည်း အဲ့ဒီအစည်းအဝေးအပြီး ပါတီရဲ့ ဗဟိုပြန့်ကြားရေးကော်မတီ ဥက္ကဋ္ဌ ဦးဉာဏ်ဝင်းက ပြောဆိုခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013