DVB Logo
Home
မြန်မာသတင်း
NOK AIR လေကြောင်း မဲဆောက်-ရန်ကုန်ခရီးစဉ် ယနေ့ စတင်ပြေးဆွဲ
DVB
·
October 29, 2017
NOK AIR လေကြောင်း မဲဆောက်-ရန်ကုန်ခရီးစဉ် ယနေ့ စတင်ပြေးဆွဲ
Donate to DVB

 

NOK AIR လေကြောင်းလိုင်းဟာ မဲဆောက်-ရန်ကုန် ခရီးစဉ်အဖြစ် ဒီနေ့ စတင်ပျံသန်းပြေးဆွဲခဲ့ပါတယ်။

မဲဆောက်-ရန်ကုန်ခရီးစဉ်ကို အင်္ဂါ၊ ဗုဒ္ဓဟူးနဲ့ တနင်္ဂနွေ တပတ်ကို ၃ ကြိမ်ပျံသန်းမယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန သတင်းမှာ ဖော်ပြပါတယ်။

မဲဆောက်ကနေ ထိုင်းစံတော်ချိန် ၁၁ နာရီ ၄၀ မိနစ်မှာ ထွက်မှာဖြစ်ပြီး ရန်ကုန်ကနေ မဲဆောက်ကို ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီမှာပြန်ထွက်ခွာမှာပါ။

လာမယ့် ၂၀၁၈ ဇန်န၀ါရီလမှ စတင်ပြီး ၄ ကြိမ်ပြေးဆွဲမှာဖြစ်ပြီး မတ်လမှာ ၅ ကြိမ်ထိ တိုးချဲ့ ပြေးဆွဲသွားမှာ ဖြစ်ပါတယ်။

ခရီးသည်တဦးကို ကီလို ၂၀ အခမဲ့ယူဆောင်ခွင့် ရှိတယ်လို့ NOK AIR  လေကြောင်းလိုင်း တာဝန်ရှိသူတဦးက ပြောပါတယ်။

NOK AIR လေကြောင်းလိုင်းမှ လေယာဉ်လက်မှတ် ဈေးနှုန်းမှာ ၃ လကြိုတင် လက်မှတ်ဝယ်ယူသူတွေကို အနည်းဆုံး ၁၂၉၉ ဘတ်သာကျသင့်ပြီး အနီးကပ်ဝယ်ယူပါက အများဆုံး ၄၀၉၉ ဘတ် ကျသင့်မှာဖြစ်တဲ့အတွက် လက်မှတ်ကြိုတင် ၀ယ်ယူတဲ့ အချိန်ကာလပေါ် မူတည်ပြီး အနည်းဆုံး ၁၂၉၉ ဘတ်မှ အများဆုံး ၄၀၉၉ ဘတ်ကျသင့်မယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013