
ဖိုးဝှီးကား သီးသန့်ကားပြိုင်ပွဲကို အောက်တိုဘာ ၂၉ ရက်နေ့က ရန်ကုန်မြို့ လှော်ကားဥယျာဉ်အနီးက တောရွာကြီးကျေးရွာမှာ ကျင်းပနေပါတယ်။
MMSO Challenge လို့ အမည်ပေးထားတဲ့ ဒီပြိုင်ပွဲကို MMSO အဖွဲ့က ဦးစီးကျင်းပတာဖြစ်ပြီး ပြိုင်ပွဲဝင်ကားအစီးရေ ၃၀ကျော်က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။
ပြိုင်ဝင်တွေဟာ ပြည်နယ်အသီးသီးက ကားမောင်းဝါသနာရှင်တွေဖြစ်ပြီး ပြိုင်ပွဲမှာ ခရီးကြမ်းခုံးတက် ခုံးဆင်း ၂ ဖာလုံကို ၅ မိနစ်အတွင်း မောင်းနှင်ရမှာပါ။
ယာဉ်မောင်းတွေရဲ့ မောင်းနှင်ကျွမ်းကျင်မှုပေါ်မူတည်ပြီး အမှတ်ပေးဆုံးဖြတ်သွားမှာပါ။
သတင်း + ဓာတ်ပုံ = ပြည့်ဘုန်းအောင်










