DVB Logo
Home
မြန်မာသတင်း
လယ်ယာမြေကိစ္စ စကားများရာမှ လူသတ်မှုဖြစ်ပွား
DVB
·
October 29, 2017
လယ်ယာမြေကိစ္စ စကားများရာမှ လူသတ်မှုဖြစ်ပွား
Donate to DVB

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ဆင်ဇလုပ်အုပ်စု ဆင်သေအင်းကျေးရွာရှိ လယ်ကွက်တခုအတွင်း မနေ့ မွန်းလွဲ ၁ နာရီလောက်က လယ်ယာမြေကိစ္စစကားများရာမှ ခိုက်ရန်ဖြစ်ပွားပြီး လူသတ်မှုဖြစ်ခဲ့တယ်လို့ ကျောက်တံခါးမြို့နယ် ရဲတပ်မှူးရုံး တာဝန်ရှိသူ တဦးက ပြောပါတယ်။

ဖြစ်စဉ်မှာ ဆင်ဇလုပ်ကျေးရွာအုပ်စု ဆင်သေအင်းကျေးရွာအနီးရှိ လက်ကွင်းအတွင်းမှာ ပဲနွယ်ကုန်းမြို့ ကြိမ်ခါးကုန်းကျေးရွာနေသူ ဦးဝင်းအောင်နဲ့အတူ အောင်မြင်မြို့ ရွာမရပ်ကွက် နေသူ  ဦးအောင်ငွေတို့နဲ့ ဆင်ဇလုပ်ကျေးရွာနေ ဦးဇော်နိုင်ဦး၊ ပေစိ (နေရပ်လိပ်စာစုံစမ်းဆဲ) ဆိုသူတို့ တဦးနဲ့ တဦး အပြန်အလှန် စကားများရာမှ ဦးဇော်နိုင်ဦးက ဓားနဲ့ ခုတ်ခဲ့တာကြောင့် ဦးဝင်းအောင် သေဆုံးခဲ့ပြီး ဦးအောင်ငွေကတော့ ဒဏ်ရာပြင်းထန်လို့ တောကျွဲအင်ဆေးရုံကနေ တောင်ငူပြည်သူ့ဆေးရုံ လွှဲပြောင်းကုသနေတယ်လို့ ဆိုပါတယ်။

"ဖြစ်တာကတော့ဗျာ။ သတ်တဲ့သူနဲ့ သေတဲ့လူနဲ့က ညီအကိုတစ်ဝမ်းကွဲ၊ မြေနဲ့ ပတ်သက်ပြီးတော့ ပြဿနာတက်ထားတယ်လို့ ပြောတယ်။ အဓိကကတော့ မြေပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး ကျေနပ်မှုမရှိတာကနေပြီး စကားများရာကနေဖြစ်တာပါ။ ပထမတော့ လေးခွတွေ ဘာတွေနဲ့ပစ်တယ်တဲ့။ လယ်သမားဆိုတော့လည်း ကိုင်းခုတ်ဓားဆိုတာ တောင်သူတွေကလည်း အကုန်ပါကြတာကိုး။ ဓားကလည်း နှစ်ဖက်လုံးပါတဲ့အခါကြတော့ အပြန်အလှန်ခုတ်ကြတာပေါ့။ အဲဒီမှာ တယောက်ကတော့ နေရာမှာတင်သေတယ်ဗျ။ တယောက်ကတော့ တောင်ငူဆေးရုံကို ပို့ထားရတယ်" လို့ ကျောက်တံခါးမြို့နယ်ရဲတပ်ဖွဲမှူးရုံး တာဝန်ရှိသူတဦးက ပြောပါတယ်။

အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဇော်နိုင်ဦးနဲ့ ပေစိတို့ကို တောကျွဲအင်နယ်မြေရဲတပ်ဖွဲစခန်းမှ လူသတ်မှု၊ ပြင်းထန်နာကျင်စေမှု၊ အားပေးကူညီမှုတို့နဲ့ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၂၆/၁၁၄ တို့နဲ့ ဖမ်းဆီးအမှုဖွင့်အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။

သတင်း - ကျော်အောင် (ကညွတ်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013