DVB Logo
Home
မြန်မာသတင်း
ရဲတပ်ဖွဲ့ဝင်များကို ကတ်ကြေးဖြင့် ရန်ရှာသူအား ပစ်ခတ်ဖမ်းဆီး
DVB
·
October 29, 2017
ရဲတပ်ဖွဲ့ဝင်များကို ကတ်ကြေးဖြင့် ရန်ရှာသူအား ပစ်ခတ်ဖမ်းဆီး
Donate to DVB

 

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်မှာ မနေ့ညက ရဲတပ်ဖွဲ့ဝင်တွေကို ကတ်ကြေးနဲ့ ရန်ပြုသူကို အဓိကရုဏ်းနှိမ်နင်းရေး သေနတ်/ ရာဘာကျည်နဲ့ ပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အောက်တိုဘာလ ၂၈ ရက်နေ့ ၇ နာရီ ၅၀ မိနစ်က ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် နဝဒေးလမ်းနှင့် ဆုထူးပန်လမ်းထောင့်မှာ ဒဂုံမြို့သစ်(တောင်ပိုင်း) (၇၀)ရပ်ကွက်နေသူ  အသက် ၂၈ နှစ်အရွယ် ကိုဇင်(ခ)ဇင်ဖြိုး မှ တရပ်ကွက်တည်းနေ အသက် ၂၄ နှစ်အရွယ် ကျော်မိုးထွန်းကို ဝက်အူလှည့်နဲ့ ထိုးခဲ့တဲ့အတွက် ကျော်မိုးထွန်းမှာ ဝဲလက်ဖျံထိုးသွင်းဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့ကြောင်း သတင်းအရ ဒဂုံတောင်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တွေ သွားရောက်ရှာဖွေခဲ့ပါတယ်။

ဝက်အူလှည့်နဲ့ထိုးသူ ကိုဇင် (ခ)ဇင်ဖြိုး ကို သူရဲ့နေအိမ်ရှေ့မှာ တွေ့ရှိပြီး ဥပဒေအရ ဖြေရှင်းပြောဆိုစဉ် အရှည် ၁၀ လက်မလောက်ရှိတဲ့ ကတ်ကြေးနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို လိုက်ထိုး ခဲ့တဲ့အတွက် ရဲတပ်ဖွဲ့ဝင်တဦးရဲ့ ဝဲပခုံးပြတ်ရှဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင်က ၁၂ ဗို့ ပြောင်းချောသေနတ် (အထိကရုဏ်းနှိမ်နင်းရေးသေနတ်/ ရာဘာကျည်)နဲ့ သတိပေး ပစ်ခတ်ခဲ့ပါတယ်။

ကိုဇင်(ခ)ဇင်ဖြိုးရဲ့ ဝဲပေါင်ပေါက်ပြဲဒဏ်ရာ ရရှိခဲ့ပေမယ့်လည်း ဆက်လက်ရန်ပြု တိုက်ခိုက်တဲ့အတွက် ဒုတိယအကြိမ်ထပ်မံသတိပေး ပစ်ခတ်ခဲ့ရာ ကိုဇင်(ခ)ဇင်ဖြိုးမှာ ရင်ဘတ်ထိမှန်ပေါက်ပြဲဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့တာကြောင့် ၂၁၀၅ အချိန် သင်္ဃန်းကျွန်း စံပြဆေးရုံသို့ ဖမ်းဆီးပို့ဆောင်ခဲ့ပြီး အမှုဖွင့်အရေးယူထားတယ်လို့ ထုတ်ပြန်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013