DVB Logo
Home
မြန်မာသတင်း
မင်းလှတွင် ဒဏ်ရာများဖြင့်အလောင်းတွေ့ရှိမှု ပြစ်မှုကျူးလွန်သူ လာရောက်အဖမ်းခံ
DVB
·
October 29, 2017
မင်းလှတွင် ဒဏ်ရာများဖြင့်အလောင်းတွေ့ရှိမှု ပြစ်မှုကျူးလွန်သူ လာရောက်အဖမ်းခံ
Donate to DVB

 

မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ် မြေခြားကျေးရွာမှ ကျောက်တံခါးရေနံမှော်သွားတဲ့ လှည်းလမ်းဘေးမှာ အောက်တိုဘာ ၂၇ ရက် ညနေက ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမျိုးသားအလောင်း တွေ့ရှိခဲ့တဲ့အမှုမှ ပြစ်မှုကျူးလွန်ခဲ့တဲ့ တရားခံဟာ အောက်တိုဘာ ၂၈ ရက်နေ့ညက ရေနံမနယ်မြေရဲစခန်းမှာ လာရောက်အဖမ်းခံခဲ့ပါတယ်။

ရေနံမ နယ်မြေရဲစခန်းမှူး အမှုစစ်ရဲအုပ်မျိုးမင်းထွန်းက "အနီးပတ်ဝန်းကျင် သက်သေတွေ စစ်ဆေးချက်အရ ၂၄ နာရီအတွင်း အမှုမှန်ပေါ်ပေါက်ခဲ့ပါတယ်။ ပြစ်မှုကျူးလွန်သူမှာ ဟန်ဌေး (၃၉ နှစ်) ကျောက်တစ်လုံးရေနံမှော် မင်းဘူး/ စကုမြို့နယ်နေသူဖြစ်ပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့ အတွက် တရားဥပဒေအရရင်ဆိုင်ဖို့ ဟန်ဌေးရဲ့ နီးစပ်တဲ့ မိသားစုဝင်တွေကတဆင့် စည်းရုံးဟောပြောခဲ့တဲ့အတွက် လာရောက် အဖမ်းခံတာဖြစ်တယ်” လို့ ပြောပါတယ်။

ပြစ်မှုကျူးလွန်သူ ဟန်ဌေးနဲ့ သေဆုံးသူ ဟန်ဇော်ဝင်းတို့ဟာ ကျောက်တစ်လုံး ရေနံမှော်ရှိ တဲတိုက်တွင်အတူ နေထိုင်သူတွေဖြစ်ပါတယ်။

ဟန်ဇော်ဝင်းမှာ အရက် အတူသောက်ရင်း အမြဲလိုလို ရစ်လေ့ရှိကာ အခင်းဖြစ်ပွားတဲ့နေ့က မင်းလှမြို့နယ် မြေခြားကျေးရွာ ဘုံကထိန် အလှူမှာ အရက်အတူသောက်စားကာ သေဆုံးသူ ဟန်ဇော်ဝင်း စိတ်ဆိုးပြီး ရှေ့မှထွက်သွားရာ ဟန်ဌေးမှာ နောက်က နွားလှည်းနဲ့ပြန်ရာ လမ်းခုလပ်ကနေ စောင့်ပြီး ဓားမြှောင်နဲ့ ခြိမ်းခြောက်လို့ လက်ဦးမှုရယူကာ အသင့်ပါလာတဲ့ ဓားမနဲ့ ၂ ချက်ခုတ်ခဲ့တယ်လို့ ဟန်ဌေးက ထွက်ဆိုကြောင်း ရဲအုပ်မျိုးမင်းထွန်းက ပြောပါတယ်။

ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရေနံမနယ်မြေရဲစခန်း (ပ)၉၁/၂၀၁၇ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်ထားရှိပြီး အောက်တိုဘာ ၃၀ ရက်နေ့မှာ တရားရုံးချုပ်ရီမန်ယူကာ တရားစွဲဆိုနိုင်ဖို့ စစ်ဆေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။

သတင်း-မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013