DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တိုင်းတွင်း ၁၀၀၀၀ နှင့် ၅၀၀၀ တန် ငွေစက္ကူအတုများ ထပ်မံတွေ့ရှိ
DVB
·
October 29, 2017
ရန်ကုန်တိုင်းတွင်း ၁၀၀၀၀ နှင့် ၅၀၀၀ တန် ငွေစက္ကူအတုများ ထပ်မံတွေ့ရှိ
Donate to DVB

 

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်မှာ ၁၀,၀၀၀ ကျပ်တန် ငွေစက္ကူအတု ၄ ရွက်နဲ့ ၅၀၀၀ ကျပ်တန် ငွေစက္ကူအတု ၈ ရွက် အောက်တိုဘာလ ၂၇ ရက်နေ့က တွေ့ရှိခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။

ဒလမြို့နယ်၊ ဗညားဒလ ရပ်ကွက်ရှိ ကမ္ဘောဇဘဏ်သို့ တပင်ရွှေထီးရပ်ကွက်နေသူ အသက် (၄၇ နှစ်)အရွယ် ဦးကျော်ကျော်မင်း အပါအ၀င် ၁၀ ဦးတို့ လာရောက်အပ်နှံတဲ့ ငွေတွေထဲမှ  ၁၀,၀၀၀ ကျပ်တန်ငွေ စက္ကူအတု ၄ ရွက်၊ ၅,၀၀၀ ကျပ်တန်ငွေစက္ကူအတု ၈ ရွက်တို့ တွေ့ရှိပြီး ၄ နာရီခွဲက ဒလမြို့မရဲစခန်းကို လာရောက် အပ်နှံခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

အောက်တိုဘာလ ၂၅ ရက်နေ့ နေ့လယ် ၁၁ နာရီ ၂၀ မိနစ်ကလည်း မရမ်းကုန်းမြို့နယ် ၅ ရပ်ကွက်ရှိ KBZ ဘဏ်ခွဲကို မင်္ဂလာတောင်ညွှန့်မြို့နယ် ကန်တော်လေး တောင်ရပ်ကွက်မှာနေတဲ့ ဂျပန်စက်ဘီးမျိုးစုံနှင့် လျှပ်စစ်မော်တာဘီးရောင်းဝယ်ရေးလုပ်ကိုင်သူ အသက် ၂၈ နှစ်အရွယ် စိုးမိုးနိုင် လာရောက်အပ်နှံတဲ့ ငွေကျပ် ၃၅ သိန်းထဲက ၁၀,၀၀၀ ကျပ်တန် ငွေစက္ကူအတု ၉၈ ရွက်၊ ၅,၀၀၀ ကျပ်တန်ငွေ စက္ကူအတု ၁၈၂ ရွက်၊ ၁,၀၀၀ ကျပ်တန် ငွေစက္ကူအတု ၁၂၉ ရွက် တို့ကို တွေ့ရှိခဲ့တဲ့အတွက် မရမ်းကုန်းမြို့နယ် ရဲတပ်ဖွဲ့မှ သွားရောက်သိမ်းဆည်းခဲ့ကာ ည ၈ နာရီ ၁၅ မိနစ်က စိုးမိုးနိုင်ကို ဖမ်းဆီးခဲ့ပြီး မရမ်းကုန်းမြို့မရဲစခန်းမှ (ပ)၉၃၀/၂၀၁၇ ဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅/၁၀၆ နဲ့ အမှုဖွင့် စစ်ဆေးနေတယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ၂၀၁၇ စက်တင်ဘာ ၈ ရက်မှ ၂၉ ရက်အထိ ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့် မြို့နယ်၊ မြန့်မာဂုဏ်ရည်လမ်းရှိ ရိုးမဘဏ်လီမိတက်ဘဏ်ခွဲသို့ ဦးစိုးနိုင်(စိစစ်ဆဲ)၊ ကန်တော်လေး ရပ်ကွက် မင်္ဂလာတောင်ညွန့်မြို့နယ်နေသူပါ ၅ ဦးလာရောက်ပေးသွင်းတဲ့ ငွေတွေထဲက ငွေစက္ကူအတု ၁၀,၀၀၀ ကျပ်တန် ၄ ရွက်၊ ၅၀၀၀ ကျပ်တန် ၂ ရွက်တို့ တွေ့ရှိရတဲ့အတွက် အောက်တိုဘာ ၂၄ ရက်နေ့ နေ့လယ် ၂ နာရီမှာ မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းကို လာရောက်အပ်နှံခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013