DVB Logo
Home
မြန်မာသတင်း
အန်အယ်လ်ဒီကိုယ်စားလှယ်များ လွှတ်တော်တွင် မေးမြန်းဆွေးနွေးမှု စတုတ္ထအဆင့်သာရှိ
DVB
·
October 29, 2017
အန်အယ်လ်ဒီကိုယ်စားလှယ်များ လွှတ်တော်တွင် မေးမြန်းဆွေးနွေးမှု စတုတ္ထအဆင့်သာရှိ
Donate to DVB

အန်အယ်လ်ဒီပါတီက လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ပြီးခဲ့တဲ့ လွှတ်တော် အစည်းအဝေးမှာ မေးမြန်းဆွေးနွေးခဲ့တာဟာ တခြားပါတီတွေနဲ့ ယှဉ်ရင် စတုတ္ထအဆင့်မှာပဲ ရှိတယ်လို့ စစ်တမ်းတခုက ဆိုပါတယ်။


လွှတ်တော်တွေကို စောင့်ကြည့်လေ့လာနေတဲ့ ပွင့်လင်းမြန်မာ့ရှေ့ဆောင်ရဲ့ ပဉ္စမပုံမှန်အစည်းအဝေး သုံးသပ်ချက်မှာ ဖော်ပြထားတာပါ။


ပါတီအလိုက် လွှတ်တော် လုပ်ငန်းတွေဆောင်ရွက်ရာမှာ ကိုယ်စားလှယ် အနည်းအများအလိုက် အချိုးကျနေပေမယ့် တဦးချင်းဆောင်ရွက်ရာမှာတော့ ကိုယ်စားလှယ် အများဆုံးရှိနေတဲ့ အန်အယ်လ်ဒီနဲ့ ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်တွေက စတုတ္ထနဲ့ ပဉ္စမနေရာမှာ ရှိနေတာပါ။


အများဆုံး မေးမြန်းဆွေးနွေးခဲ့သူတွေကတော့ ရခိုင်အမျိုးသားပါတီ၊ လီဆူ အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေး ပါတီနဲ့ မွန်အမျိုးသားပါတီတို့ ဖြစ်ပါတယ်။


ပွင့်လင်းမြန်မာ့ရှေ့ဆောင်ရဲ့ သုတေသန ဒါရိုက်တာ ကိုထင်ကျော်အေးက “အခုတွက်ချက်မှုက ကိုယ်စားလှယ်တွေရဲ့ မေးမြန်းဆွေးနွေးတာကို သူ့ပါတီက ရှိနေတဲ့ကိုယ်စားလှယ်အရေအတွက်နဲ့ နှိုင်းယှဉ် တွက်ချက်ထားတာ ဖြစ်ပါတယ်။ ဥပမာဆိုရရင် ကိုယ်စားလှယ် ၂ ယောက်ရှိတဲ့ ပါတီက ၂ ခု မေးတာဟာ ကိုယ်စားလှယ် ၁ ယောက်ရှိတဲ့ ပါတီက ၁ ခုမေးတာနဲ့ အတူတူပဲ ဖြစ်သလိုပါ” လို့ ပြောပါတယ်။


ဒီအစည်းအဝေးတွေကို ပြီးခဲ့တဲ့ မေ ၁၈ ရက်ကနေ သြဂုတ် ၃၁ ရက်အထိ ကျင်းပခဲ့ပြီး အစည်းအဝေး ၅၈ ရက်ရှိပါတယ်။


ဒီရက်တွေမှာ ပြည်သူ့လွှတ်တော် အစည်းအဝေး ၅၈ ကြိမ်၊ အမျိုးသားလွှတ်တော် အစည်းအဝေး ၅၅ ကြိမ်နဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ၇ ကြိမ် ပြုလုပ်ခဲ့ပါတယ်။


လွှတ်တော်အစည်းအဝေးတွေမှာ မေးခွန်းအများဆုံးမေးခံရတဲ့ ဝန်ကြီးဌာနကတော့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ဆည်မြောင်းဝန်ကြီးဌာနဖြစ်ပြီး ပညာရေး၊ ဆောက်လုပ်ရေးနဲ့ ကျန်းမာရေး တွေက သူ့နောက်မှာ အစဉ်လိုက် အများဆုံး မေးခံခဲ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013