DVB Logo
Home
မြန်မာသတင်း
ဥသာမြို့သစ် စက်ရုံတခုတွင် ၀န်ထမ်းများ သရဲဝင်ပူး မူးမေ့မှုများ ဖြစ်ပွား (ရုပ်သံ)
DVB
·
October 28, 2017
ဥသာမြို့သစ် စက်ရုံတခုတွင် ၀န်ထမ်းများ သရဲဝင်ပူး မူးမေ့မှုများ ဖြစ်ပွား (ရုပ်သံ)
Donate to DVB

ပဲခူးမြို့၊ ဥသာမြို့သစ် (၉)ရပ်ကွက်က KARISMA APPAREL (လိမ္မော်ရောင်) စက်ရုံမှာ သရဲပူးကပ်တယ်ဆိုပြီး စက်ရုံဝန်ထမ်းတွေ အထိတ်တလန့် ဖြစ်နေတဲ့အတွက် ပရိတ်တရားနာကြားမှုတွေ ပြုလုပ်ပေးနေစဉ်မှာပဲ ၀န်ထမ်းတချို့ သရဲဝင်ပူးတာတွေ မူးမေ့တာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

အောက်တိုဘာ ၂၃ ရက်ကစပြီး စက်ရုံအတွင်း ၀န်ထမ်းတွေ အထိတ်တလန့် ထွက်ပြေးတာတွေ၊ မူးလဲတာတွေ ဖြစ်ပေါ်ခဲ့လို့ ၀န်ထမ်း ၃၀ လောက် ပဲခူးဆေးရုံကို ပို့ဆောင်ခဲ့ရပါတယ်။

အဲဒီနောက်မှာလည်း ၀န်ထမ်းတွေမှာ စိတ်ချောက်ချားမှုတွေ ဖြစ်နေလို့ ၀န်ထမ်းတွေရဲ့ ဆန္ဒအရ အောက်တိုလာ ၂၆ ရက်က စက်ရုံအတွင်း သံဃာတော်တွေ ပင့်ဖိတ်ပြီး ပရိတ်တရာ နာကြားစေခဲ့ပါတယ်။ အဲဒီလို ပရိတ်တရား နာကြားနေစဉ်မှာ ၀န်ထမ်းတချို့ မူးမေ့သွားတာတွေ၊ သရဲဝင်ပူးသလိုမျိုးတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အဲဒီ KARISMA APPAREL (လိမ္မော်ရောင်) စက်ရုံမှာ ၀န်ထမ်း ၄၅၈၀ ဦးရှိပြီး စက်ရုံက တရုတ်နိုင်ငံသား ပိုင်ဆိုင်တာဖြစ်ပြီး ၂၆ ရက်နေ့ ကလည်း တရားနာကြားနေစဉ် မူးမေ့ သွားတဲ့ အလုပ်သမား ၂၁ ဦးကို စက်ရုံကနေ တာဝန်ယူပြီး ဆေးရုံပို့ဆောင်ကုသပေးတာတွေ ပြုလုပ်ပေးခဲ့ပါတယ်။

ဒါ့အပြင် အစိုးရအဖွဲ့ဝန်ကြီးတွေ စက်ရုံကို လာကြည့်သွားပြီး ၀န်ကြီးတွေရဲ့ ညွှန်ကြားမှုအတိုင်း ဆေးကုသ စောင့်ရှောက်မှုပေးတာတွေအပြင် ၀န်ထမ်းတွေ နေကောင်းတဲ့အထိ တပတ်နှစ်ပတ်လောက် ပေးနားမှာဖြစ်ပြီး အဲဒီနားရက်တွေကိုလည်း လစာပေးသွားမယ်လို့ HR/ Admain Manager ဦးထွန်းဇော်မြင့် က ကိုပြောပါတယ်။
“အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာကြောင့် အခုလိုမျိုးတွေ ဖြစ်နေတာလဲဆိုတဲ့ အဖြေကို ရှာတဲ့နေရာမှာ စက်ရုံဝန်ထမ်းတွေ မူးလဲတာဟာ အရင်နေ့တွေရော နောက်နေ့တွေရော များသောအားဖြင့် မူးလဲတဲ့အချိန်က နေ့လယ် ထမင်းစားချိန်တွေမှာ ဖြစ်တာများပါတယ်။ ဒါကြောင့် အဲဒီ ၀န်ထမ်းတွေ အလုပ်လုပ်တဲ့အခန်းမှာ အပူချိန်က များနေတာကို တွေ့ရပါတယ်၊ ဒါကြောင့် အလုပ်သမားတွေ အလုပ်လုပ်တဲ့အခန်းကို လေ၀င်လေထွက် ကောင်းစေပြီး အပူချိန်လျှော့ခိဖို့ကိစ္စတွေအပြင် သဘာဝ ပတ်ဝတ်ကျင်းထမ်းသိမ်းရေး စက်တွေကိုလည်း တပ်ဖို့စက်ရုံတာဝန်ရှိသူတွေ လုပ်နေပါတယ်။ ပြီးတော့ ဗုဒ္ဓဘာသာ အယူအဆအရ ဒီအထဲမှာ ပရလောကသားတွေ ရှိနေရင်လည်း ကျွတ်လွတ်သွားဖို့အတွက် ရွှေမော်ဓော ဘုရားမှာ ရွှေသင်္ကန်း ကပ်ဖို့ စက်ရုံတာဝန်ရှိသူတွေက စီစဉ်နေတယ်” လို့ စက်မှုဇုန်အတွင်းရေးမှူး ဦးဟိန်းထက် က ပြောပါတယ်။
အဲဒီကိစ္စနဲ့ပတ်သက်ပြီး စက်ရုံဝန်ထမ်းတွေအနေနဲ့ ဘာကြောင့်အခုလို ဖြစ်တယ်၊ ဘယ်သူတွေ ၀င်ပူးတယ် ဆိုတာကို မေးမြန်းပေမယ့် တိတိကျကျ ပြောဆိုမှု မရှိ ကြသလို စက်ရုံမှာ သရဲရှိတယ်၊ သရဲဝင်ပူးတယ် စတဲ့ကိစ္စမျိုးတွေကြောင့် သူတို့ရဲ့ စိတ်မှာ ထိတ်လန့်မှုတွေ ရှိနေပါတယ်။
အောင်စိုးမိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013