DVB Logo
Home
မြန်မာသတင်း
ဥက္ကံချောင်းအတွင်း တရားမဝင် ကညင်သစ် ၁၅ တန်ကျော် ဖမ်းမိ
DVB
·
October 28, 2017
ဥက္ကံချောင်းအတွင်း တရားမဝင် ကညင်သစ် ၁၅ တန်ကျော် ဖမ်းမိ
Donate to DVB

တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့၊ ဝက်ဖြူကုန်းကျေးရွာအနီး ဥက္ကံချောင်းအတွင်း အောက်တိုဘာ ၂၇ ရက်နေ့က တရားမဝင်ကညင်သစ် ၁၅ တန်ကျော် ဖမ်းမိခဲ့တယ်လို့ တိုက်ကြီးမြို့နယ်သစ်တောဦးစီးဌာနက ပြောပါတယ်။

တရားမဝင် သစ်ခုတ်လှဲထုက်ယူ သယ်ဆောင်ရောင်းဝယ်ခြင်း တားဆီးကာကွယ်ရန်အတွက် လူထုအခြေပြုစောင့်ကြည့်သတင်းပို့စနစ် ဆောင်ရွက်နေမှုကြောင့် ဖမ်းဆီးမိခဲ့တာလို့ တိုက်ကြီးမြို့နယ် သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးမင်းသူက ပြောပါတယ်။

"ဒေသခံတွေက ဖုန်းနဲ့သတင်းပို့တော့ ကျနော်တို့အဖွဲ့တွေ အောက်တိုဘာ ၂၆ ရက်နေ့ နေခင်းဘက်က ဥက္ကံချောင်းအတိုင်း တက်သွားပြီးရှာတော့ ညနေပိုင်မှာ ဖောင်နဲ့တွဲထားတဲ့ သစ်ဖောင် ၅ ဖောင်တွေ့တယ်၊ မှောင်သွားလို့ ညဘက် အဲ့မှာညအိပ်ပြီး နောက်နေ့ဆက်ရှာတော့ ၅ ဖောင် ထပ်တွေ့တယ်၊ တွေတော့မတွေ့ဘူး။ ဒါနဲ့ ကျနော်တို့လည်း ချောင်းအတိုင်း ဆက်မျောလာပြီး ကမ်းပေါ်တင်တာတွေ၊ သစ်တောရုံးကို သယ်ဆောင်တာတွေ ဆက်လက်လုပ်ဆောင်မူတွေ ပြုလုပ်ပါတယ်" လို့ ပြောပါတယ်။

ဖမ်းဆီးရမိတဲ့ ကညင်းသစ်ခွဲသား ၃ ချောင်း၊ ဘိုင်သစ်ခွဲသား ၄၇ ချောင်း၊ စုစုပေါင်း အချောင်း ၅၀၊ ၁၅ တန်ကျော်ကို တိုက်ကြီးမြို့နယ် သစ်တောဦးစီးဌာနရုံးမှာ သိမ်းစည်းထားပြီး ပိုင်ရှင်ပေါ်ပေါက်ရေးကို စုံးစမ်းနေပြီး ပိုင်ရှင်ပေါ်ပါက သစ်တောဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

သတင်းနှင့်ဓာတ်ပုံ - မေသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013