DVB Logo
Home
မြန်မာသတင်း
အရက္ဖိုးမေပး၍ အမ်ဳိးသားတဦး ဆြဲႀကိဳးခ်ေသဆုံး
DVB
·
October 28, 2017
အရက္ဖိုးမေပး၍ အမ်ဳိးသားတဦး ဆြဲႀကိဳးခ်ေသဆုံး
Donate to DVB

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ လှာကာကျေးရွာအုပ်စု၊ ပဲကုန်းကျေးရွာ နေအိမ်တလုံးမှာ အောက်တိုဘာ ၂၇ ရက်နေ့ ညနေက အမျိုးသားတဦး ဆွဲကြိုးချသေဆုံးခဲ့ကြောင်း မြိုင်ကလေးနယ်မြေရဲစခန်းက ပြောပါတယ်။

သေဆုံးသူမှာ အသက် ၃၁ နှစ်အရွယ် စောအောင်မျိုး ဖြစ်ပြီး အသက်(၇၀) အရွယ် မိခင်ထံမှ အရက်ဖိုးတောင်းရာ မပေးလို့ ဆွဲကြိုးချ သေဆုံးခဲ့တာလို့ မြိုင်ကလေးနယ်မြေရဲစခန်းမှ ရဲအရာရှိတဦးက ပြောပါတယ်။

သတင်းအရ မြိုင်ကလေးနယ်မြေရဲစခန်းမှ တာဝန်ရှိသူတွေက သွားရောက်စစ်ဆေးခဲ့ပြီး ပေးဆပ်သူ ပရဟိတ လူမှုကယ်ဆယ်ရေးအဖွဲ့မှ အလောင်းအား ရင်ခွဲစစ်ဆေးနိုင်ဖို့ ဘားအံပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

မြိုင်ကလေးနယ်မြေရဲစခန်းမှ ရဲအုပ်နိုင်ဝင်းက “သူကကွန်ပစ်တယ်။ ကွန်ပစ်ပြီး ပြန်လာတော့ သူ့အမေဆီက အရက်ဖိုးတောင်းတယ်။ အမေကလည်း မပေးဘူး၊ သူက အရက်သောက်ရင် တအားသွေးဆိုးတယ်ဆိုတော့။ သူအရက်သောက်တာလည်း ၁၅ နှစ်လောက်ရှိပြီ။ အခုမသောက်ရတဲ့အခါကျတော့ ကယောင်ချောက်ချားတွေ ဖြစ်တယ်” လို့ ပြောပါတယ်။

စစ်ဆေးချက်အရ ပြင်ပဒဏ်ရာတစုံတရာ မရှိဘဲ ၄ ပေ၊ ၇ ပေ ထုတ်တန်းပေါ်မှာ ဆွဲကြိုးချသေဆုံးခဲ့တဲ့အတွက် အလောင်းကို သေမှုသေခင်းအဖြစ် ဆက်လက်စစ်ဆေးဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

အလားတူ အောက်တိုဘာ ၂၁ ရက်နေ့ကလည်း ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ လှာကာကျေးရွာအုပ်စု၊ လှာကာကျေးရွာ တန် (၉၀၀) ဘိလပ်မြေစက်ရုံ ဓာတ်အားခွဲစက်ရုံအနီး လှာကာသုသန်အ၀င်လမ်းရှိ နေအိမ်အတွင်းမှာ အရက်ကြောင့် ကယောင်ချောက်ချားဖြစ်ပြီး အသက် ၅၂  နှစ်အရွယ် ဦးထွန်းမြင့် (ခ) ဦးအောင်မြင့်ဆိုသူလည်း ဆွဲကြိုးချသေဆုံးခဲ့ပါတယ်။

သတင်း- အာကာမင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013