DVB Logo
Home
မြန်မာသတင်း
မြေပုံနှင့်ပေါက်တောတွင် လုပ်သေနတ်ကိုင်ဆောင်သူနှင့် ပြုလုပ်သူများကို ဖမ်းဆီး
DVB
·
October 28, 2017
မြေပုံနှင့်ပေါက်တောတွင် လုပ်သေနတ်ကိုင်ဆောင်သူနှင့် ပြုလုပ်သူများကို ဖမ်းဆီး
Donate to DVB

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်နဲ့ ပေါက်တောမြို့နယ်တွေကနေ လုပ်သေနတ်တွေနဲ့အတူ ကိုင်ဆောင်သူ၊ ပြုလုပ်သူတွေကို ဖမ်းဆီးထားတယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၂၄ ရက်နေ့က မြေပုံမြို့မရဲစခန်းက တပ်ဖွဲ့ဝင်တွေဟာ  ထူးချေကျေးရွာနေ ရေလုပ်ငန်းလုပ်ကိုင်သူ စောသိန်းချေ (၄၃)နှစ် ရဲ့ အိမ်ကို သတင်းအရ ဝင်ရောက် ရှာဖွေရာမှာ လုပ်သေနတ်အရှည် ၁ လက်၊ သံပိုက်နဲ့ လုပ်ထားတဲ့ ကျည်ခွံ ၅ ခု၊  ခဲသီး ၂၅ လုံး၊ ယမ်းမှုန့် ၅ ကျပ်သားတို့ကို တွေ့ရှိသိမ်းဆည်းခဲ့တယ်လို့ ဆိုပါတယ်။

စစ်ဆေးချက်အရ လွန်ခဲ့တဲ့ ၃ လ လောက်က  ပေါက်တောမြို့နယ် သဲဒွေးကျေးရွာကနေ ငွေ ၆ သောင်းနဲ့ ဝယ်လာတယ်လို့ သိရပြီး သူ့ကို လက်နက် အက်ဥပဒေပုဒ်မ ၁၉(စ) နဲ့ အမှုဖွင့်ထားပါတယ်။

အဲဒီနောက် အောက်တိုဘာ ၂၅ ရက်နေ့မှာ ပေါက်တောမြို့နယ် ရဲတပ်ဖွဲ့မှူးနဲ့အဖွဲ့က ပေါက်တောမြို့နယ်၊ ကျောင်းတောင်ကျေးရွာနေ စိန်သောင်းရွှေ (၄၇) နှစ်ရဲ့ အိမ်ကို ဆက်လက် ရှာဖွေခဲ့ပြီး  လုပ်သေနတ်ပြုလုပ်ရာမှာ သုံးတဲ့ ပန်းပဲဖိုနဲ့ မောင်းခလုတ် ၄ ခု၊ စပရိန် ၂ ခု၊ သစ်သားဒင် အကြမ်း ၁ ခု၊ ၂ လက်မလောက် သံပိုက်လုံးအပိုင်းအစ ၂၉ ခုတို့ကို ဖမ်းဆီးမိခဲ့ပါတယ်။

အဲဒီညပိုင်းမှာလည်း ပေါက်တောမြို့မရဲစခန်းမှူးနဲ့ အဖွဲ့ဟာ သဲဒွေး ကျေးရွာနေ ဗဂျင်းချေ (ခ) သိန်းစောမောင် ၄၅ နှစ်ရဲ့ အိမ်ကို ရှာဖွေရာမှာ  အရှည် ၄ ပေ ၉ လက်မရှိ လုပ်သေနတ် ၁ လက်၊ ယမ်းတောင့်အခွံ ၃ ခု၊ ယမ်းထုပ် ၃ထုပ်တွေ့ခဲ့ပါတယ်။

ဒါ့အပြင် သာထွန်း (၅၁) နှစ် ရဲ့ အိမ်ကို ရှာဖွေရာမှာ လယ်ကွင်းထဲမှာ ဝှက်ထားတဲ့ ၄ ပေ ၈ လက်မလောက်ရှည်တဲ့ လုပ်သေနတ် ၁ လက်ကို ဖမ်းဆီးရမိပါတယ်။

သူတို့ကို ဥပဒေနဲ့အညီ အရေးယူဖို့ စီစဉ်နေတယ်လို့လည်း ပြည်ထဲရေးက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013