DVB Logo
Home
မြန်မာသတင်း
ခရစ်ယာန်သင်းအုပ်ဆရာနှစ်ဦး ထောင်ချခံရမှု ရေရှည် စိုးရိမ်စရာဟု တာဝန်ရှိသူပြော
DVB
·
October 28, 2017
ခရစ်ယာန်သင်းအုပ်ဆရာနှစ်ဦး ထောင်ချခံရမှု ရေရှည် စိုးရိမ်စရာဟု တာဝန်ရှိသူပြော
Donate to DVB

ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းခေါင်းဆောင်နှစ်ယောက်ကို တရားရုံးက ပြစ်ဒဏ်တွေချမှတ်လိုက်တဲ့အပေါ် ရေရှည်မှာ စိုးရိမ်စရာဖြစ်တယ်လို့ ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းတော် အတွင်းရေးမှူး သိက္ခာတော်ရ ဆရာတော် ဒေါက်တာ ခလမ် ဆမ်ဆွန်က ပြောပါတယ်။

မုံးကိုးမြို့နယ်က သင်းအုပ်ဆရာ ဦးနောင်လတ်နဲ့ ဦးဂမ်ဆိုင်းတို့ကို မတရားအသင်း ဆက်သွယ်မှုပုဒ်မ ၁၇/၁၊ အသရေဖျက်မှု ပုဒ်မ ၅၀၀ နဲ့ ပို့ကုန်သွင်းကုန်ဥပဒေတို့နဲ့ လားရှိုးတရားရုံးမှာ မနေ့က ထောင်ဒဏ် ၄ နှစ်နဲ့ ၃ လစီ ချမှတ်လိုက်တာပါ။

ဒေါက်တာ ခလမ် ဆမ်ဆွန်က “ခရစ်ယာန်ဆရာတွေမှာ ရန်သူ၊ မိတ်ဆွေ မရှိဘူးလေ။ ဆုတောင်းဖို့ သွားတာမှာ မတရားအသင်းနဲ့ ဆက်သွယ်တာဆိုပြီး ဖမ်းနေတယ် ဆိုရင်တော့ ရေရှည်မှာ စိုးရိမ်စရာ ကောင်းပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ပြီးတော့ သူတို့အတွက် အယူခံဝင်ဖို့ရှိတဲ့အကြောင်းနဲ့ လာမယ့် ၃၁ ရက်နေ့မှာ အစည်းအဝေး လုပ်ဖို့ရှိပြီး အဲဒီနောက်မှာမှ ဘာဆက်လုပ်မယ်ဆိုတာကို အသေးစိတ် ပြောနိုင်မယ်လို့လည်း သူက ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းတို့မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေအကြောင်း သတင်းလာယူတဲ့ သတင်းထောက်တွေကို လိုက်ပါ ကူညီခဲ့ပြီးနောက်မှာ တပ်မတော်က ဖမ်းဆီးခဲ့တာပါ။

သူတို့ကို တပ်မတော်က ဖမ်းတာမဟုတ်ဘူးလို့ ပျောက်ဆုံးပြီးကာစမှာ အဲဒီတုန်းက သမ္မတရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက မီဒီယာတွေကို ပြောပါတယ်။ အဲဒီနောက် ၁၀ ရက်လောက် အကြာမှာပဲ သူတို့ကို ဖမ်းဆီးထားကြောင်း တပ်မတော်က ထုတ်ပြန်တာပါ။

သတင်းစာဆရာတွေကို ကူညီခဲ့တဲ့အတွက် ပစ်မှတ်ထားတဲ့အပေါ် စိုးရိမ်တယ်လို့ အမေရိကန်သံရုံးက ထုတ်ပြန်ထားပါတယ်။  ပြီးတော့ နိုင်ငံသားတွေကို တရားမဲ့ ဖမ်းဆီးနိုင်တဲ့ မတရားအသင်း ဆက်သွယ်မှုဥပဒေနဲ့ တခြား ဥပဒေတွေကို သုံးစွဲတာ ရပ်တန့်ဖို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013