DVB Logo
Home
မြန်မာသတင်း
မြန်မာစုံတွဲ မင်္ဂလာဆောင်ရန်စုထားသည့် ဘတ် ၁ သိန်းကျော်နှင့် ရွှေစများ လုယက်ခံရ
DVB
·
October 28, 2017
မြန်မာစုံတွဲ မင်္ဂလာဆောင်ရန်စုထားသည့် ဘတ် ၁ သိန်းကျော်နှင့် ရွှေစများ လုယက်ခံရ
Donate to DVB

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း ချွန်းပူးရီးခရိုင် ချွန်းပူးရီးမြို့မှာ မြန်မာအလုပ်သမားစုံတွဲ မင်္ဂ လာဆောင်ဖို့ စုဆောင်းထားတဲ့ငွေ ဘတ် ၁ သိန်းကျော်နဲ့ ရွှေစတွေပါ လုယက်ခံရတယ်လို့ tnews ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ချွန်းပူးရီးမြို့ နောင်ခန့်ခေါက်ရပ်ကွက် (၂) ရှိ ကုမ္ပဏီတခုရဲ့ အလုပ်သမားတိုက်ခန်းမှာ နေထိုင်သူ ဇော်စွန်ရဲနဲ့ မလီလီ တို့စုံတွဲဟာ မနေ့က အခန်းတွင်းရှိနေစဉ် လူဆိုး ၂ ဦးက အခန်းထဲဝင်လာပြီး ရွှေငွေတွေ လုယက်ခဲ့တာလို့ ချွန်းပူးရီးခရိုင်ရဲစခန်း ရဲမှူး နန်ထချတ်ဆုမုန်းခွန်းက အောက်တိုဘာ ၂၇ ရက် နေ့ခင်း ၁၂ နာရီ သတင်းစာရှင်းပွဲမှာ ပြောပါတယ်။

လူဆိုး ၂ ဦးဟာ တံခါးကို ခြေတောက်နဲ့ တွန်းကန်ဖွင့်ဝင်လာပြီး မြန်မာစုံတွဲကို ဓားနဲ့ ခြိမ်းခြောက်ကာ အ၀တ်ဘီဒိုထဲရှိ ငွေသား ဘတ် ၁၀၅၂၀၀ (တစ်သိန်းငါးထောင့်နှစ်ရာ) နဲ့ အလေးချိန် တစ်ကျပ်သားရှိ ရွှေဆွဲကြိုးတစ်ကုံး၊ အလေးချိန် တမတ်သားလောက်ရှိ ရွှေဆင်းထုတော်တဆူပါ ယူဆောင်သွားကြောင်း၊ အလုခံရသူက ရဲစခန်းကို အကြောင်းကြားပြီး ရဲက အဲဒီအခန်းကို စစ်ဆေးဖို့ရောက်ရှိလာစဉ် လုယက်သူကလည်း အဲဒီအခန်းကို နောက်တခေါက်ပြန်လာတဲ့အတွက် ချက်ချင်းဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။

လုယက်မှူ ကျူးလွန်သူမှာ အလုခံရသူစုံတွဲနဲ့ ကုမ္ပဏီတစ်ခုတည်း လုပ်ကိုင်သူ ထိုင်းလူမျိုး နိုင်းပရ ထစ်ပ်နဲ့ နိုင်းဖူမိနွန်းတို့ ဖြစ်ပြီး ဖေ့စ်ဘွတ်ခ်မှာလည်း သူငယ်ချင်းတွေ ဖြစ်ကြကြောင်း၊ အလုခံရတဲ့ စုံတွဲက  စုထားတဲ့ငွေတွေ မင်္ဂလာဆောင်လို့ရပြီ ဆိုတဲ့အကြောင်း ဖေ့စ်ဘွတ်ခ်ပေါ် တင်ခဲ့တဲ့အတွက် လိုချင်စိတ်ဖြစ်ပြီး လုယက်မှု ကျူးလွန်မိတာလို့ ၀န်ခံသွားပါတယ်။

အဆိုပါစုံတွဲကလည်း အလုခံရတဲ့ ရွှေငွေတွေပြန်ရလို့ ၀မ်းသာကြောင်း၊ သူတို့ချွေးနှဲစာနဲ့ မင်္ဂလာဆောင်ဖို့ ငွေတွေစုထားတဲ့အကြောင်း၊ နှစ်ဘက်မိဘဆွေမျိုးတွေကို အသိပေးလိုတဲ့ အတွက် ဖေ့စ်ဘွတ်ခ်ပေါ်တင်မိခဲ့တာဖြစ်ပြီး အခုလိုအလုခံရမယ်လို့ ထင်မထားဘူးလို့ ရဲအရာရှိကို ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013