DVB Logo
Home
မြန်မာသတင်း
လွှတ်တော်အဆောက်အဦအား ဒရုန်းဖြင့် ဓာတ်ပုံရိုက်ကူးရန် ကြိုးစားသူများအား အမှုဖွင့်
DVB
·
October 28, 2017
လွှတ်တော်အဆောက်အဦအား ဒရုန်းဖြင့် ဓာတ်ပုံရိုက်ကူးရန် ကြိုးစားသူများအား အမှုဖွင့်
Donate to DVB

နေပြည်တော်က လွှတ်တော် အဆောက်အဦတွေကို ခွင့်ပြုချက်မရှိဘဲ ဒရုန်းနဲ့ ရိုက်ကူးဖို့ စီစဉ်ခဲ့တဲ့ နိုင်ငံခြားသတင်းဌာန သတင်းထောက်တွေကို ပို့ကုန်သွင်းကုန် ဥပဒေနဲ့ အမှုဖွင့်ထားပါတယ်။

တူရကီနိုင်ငံ အခြေစိုက် စင်္ကာပူရုံးခွဲ TRTသတင်းဌာနက မလေးရှားနိုင်ငံသူ MOK CHOY LIN ၊ စင်္ကာပူနိုင်ငံသား LAU HON MENG၊ စကားပြန် အောင်နိုင်စိုးနဲ့ ယာဉ်မောင်းတို့ကို အောက်တိုဘာ ၂၇ ရက် မနက်ပိုင်းက ဒရုန်းလွှတ်တင်နေတုန်း လွှတ်တော် လုံခြုံရေး အဖွဲ့က သတင်းပို့လို့ အမှတ် ၅ ရဲစခန်းမှာ ခေါ်ယူ စစ်ဆေးခဲ့ပါတယ်။

ကနဦးစစ်ဆေးချက်တွေအရ မြန်မာနိုင်ငံရဲ့ရှုခင်းတွေ၊ လှပတဲ့ အဆောက်အဦတွေ၊  ဘုရားစေတီနဲ့ လွှတ်တော်အဆောက်အဦတွေကို ရိုက်ကူးတာလို့လည်း ပြန်ကြားရေးက သတင်းထုတ်ပြန်ထားပါတယ်။

ဒါနဲ့ ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူ သံရုံးနဲ့ မလေးရှားသံရုံးတွေကို အကြောင်းကြားထားတယ်လို့လည်း သိရပါတယ်။

လတ်တလောမှာတော့ သူတို့ အသုံးပြုခဲ့တဲ့ ဒရုန်းဟာ ခွင့်ပြုချက်မရှိပဲ တင်သွင်းလာတာဖြစ်တယ်ဆိုပြီး ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈ နဲ့ အမှုဖွင့်ထားပြီး ဖမ်းဆီးစစ်ဆေးနေတယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013