DVB Logo
Home
မြန်မာသတင်း
ညောင်ပင်သာတွင် ၆ ဘီးယာဉ်တစီး တိမ်းမှောက်
DVB
·
October 27, 2017
ညောင်ပင်သာတွင် ၆ ဘီးယာဉ်တစီး တိမ်းမှောက်
Donate to DVB

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်ညောင်ပင်သာမြို့အနီးမှာ အောက်တိုဘာ ၂၆ ရက်ညပိုင်းက  ၆  ဘီးယာဉ်တစ်  စီးတိမ်းမှောက်လို့  နှစ်ဦးဒဏ်ရာ ရရှိခဲ့တယ်လို့ ညောင်ပင်သာနယ်မြေ ရဲတပ်ဖွဲစခန်းမှပြောပါတယ်။

ဖြစ်စဉ်မှာ မန္တလေးကနေ ရန်ကုန်ကို ယာဉ်မောင်းစိုးစိုး မောင်းနှင်လာတဲ့ ၆ ဘီးယာဉ်ဟာ ရန်ကုန်-မန္တလေးကားလမ်းဟောင်းမိုင်တိုင်အမှတ် ၁၃၈/၃နှင်၁၃၈/၄ အကြားအရောက်မှာ အရှိန်မထိန်းနိုင်ဖြစ်ပြီး လမ်းဘေးကို ထိုးကျသွားပြီး  ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

“ကားကကုန်စိမ်းကားလေ။ သူတို့ကရန်ကုန်ကို အချိန်နဲ့ဝင်ရမှာဖြစ်တော့ မောင်းတဲ့အရှိန်ကလည်းများတယ်။ အရှိန်မထိန်းနိုင်ဖြစ်ပြီး မှောက်တာ။ ဒဏ်ရာ ရတဲ့သူတွေကို တော့ ဖြူးဆေးရုံကို ပို့ထားပါတယ်"     လို့ ညောင်ပင်သာ   နယ်မြေရဲတပ်ဖွဲ့   စခန်းက တာဝန်ရှိသူ            တဦးက ပြောပါတယ်။

ညောင်ပင်သာနယ်မြေရဲတပ်ဖွဲစခန်းက ယာဉ်အားမဆင်မခြင်မောင်းနှင်သူ စိုးစိုး ကို ရာဇသတ်ကြီးပုဒ်မ-၃၃၇ နဲ့ အရေးယူထားတယ်လို့ သိရပါတယ်။

သတင်း-ကျော်အောင် (ကညွတ်ကွင်း )

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013