
အောက်တိုဘာ ၂၇ ရက်နေ့အတွက် ငွေလဲလှယ်နှုန်းထားတွေကတော့ အမေရိကန် ၁ ဒေါ်လာကို ၁၃၆၆ ကျပ်၊ ၁ ယူရိုငွေကို ၁၅၈၈ ဒသမ ၅ ကျပ်၊ စင်ကာပူ ၁ ဒေါ်လာကို ၉၉၇ ဒသမ ၈ ကျပ်၊ ဂျပန် ယန်း ၁၀၀ ကို ၁၁၉၆ ဒသမ ၁ ကျပ်၊ တရုတ် ၁ ယွမ်ကို ၂၀၅ ဒသမ ၆၄ ကျပ်၊ အင်ဒိုနီးရှား ရူပီးရား ၁၀၀ ကို ၁၀ ဒသမ ၀၅ ကျပ်၊ မလေးရှား ၁ ရင်းဂစ်ကို ၃၂၂ ဒသမ ၁၃ ကျပ်၊ ထိုင်း ၁ ဘတ်ကို ၄၀ ဒသမ ၉၈ ကျပ် အသီးသီး ဈေးပေါက်ပါတယ်။
(ကိုးကား – မြန်မာနိုင်ငံတော်ဗဟိုဘဏ်)
ပြည်တွင်းရွှေဈေးကွက်မှာ အကယ်ဒမီရွှေဈေး တကျပ်သားကို ဝယ်ဈေး ၉၃၀၅၀၀ ကျပ်ဖြစ်ပြီး ရောင်းဈေးကတော့ ၉၃၀၇၀၀ ကျပ် ဖြစ်ပါတယ်။ ကမ္ဘာ့ရွှေဈေးကွက်မှာတော့ ၁ အောင်စကို ၁၂၆၈ ဒေါ်လာ ဈေးပေါက်ပါတယ်။











