DVB Logo
Home
မြန်မာသတင်း
ရခိုင်အမျိုးသားပါတီ စစ်တွေမြို့နယ်အလုပ်မှုဆောင်ကော်မတီကို ဖျက်သိမ်း
DVB
·
October 26, 2017
ရခိုင်အမျိုးသားပါတီ စစ်တွေမြို့နယ်အလုပ်မှုဆောင်ကော်မတီကို ဖျက်သိမ်း
Donate to DVB

 

ရခိုင်အမျိုးသားပါတီ(အေအန်ပီ)က စစ်တွေမြို့နယ်အဆင့် ပါတီအလုပ်အမှုဆောင်ကော်မတီကို အောက်တိုဘာ ၂၅ ရက်နေ့ ပါတီအစည်းအဝေးဆုံးဖြတ်ချက်အရ ဖျက်သိမ်းလိုက်တယ်လို့  ပါတီဗဟိုချုပ်က ပြောပါတယ်။

စစ်တွေမြို့နယ်ပါတီအနေနဲ့ ပါတီတွင်းလုပ်ဆောင်ချက်တွေကို အားရကျေနပ်မှုမရှိတဲ့ အတွက် အောက်တိုဘာ ၂၅ ရက်နေ့ ပါတီဗဟိုကော်မတီဝင်တွေရဲ့ အစည်းအဝေးဆုံးဖြတ်ချက် အရ မြို့နယ်အဆင့်ပါတီ အလုပ်အမှုဆောင်ကော်မတီကို အခုလိုဖျက်သိမ်းလိုက်တာလို့ ရခိုင်အမျိုးသားပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ဒီဗွီဘီကို ပြောပါတယ်။

“အမျိုးသားအကျိုးစီးပွားကို ဖော်ဆောင်တဲ့ နေရာမှာလည်း အားရကျေနပ်မှုမရှိဘူး။ တချို့မြို့နယ်တွေမှာ ဗဟိုဌာနနဲ့ နီးကပ်မှုမရှိဘဲ တခြားစီးဆောင်ရွက်နေတဲ့ကိစ္စတွေ၊ ပြီးတော့ အလှမ်းကွာဝေး နေတဲ့ကိစ္စတွေ၊ စစ်တွေမြို့နယ်ပါတီအနေနဲ့ ပါတီတွင်းလုပ်ဆောင်ချက်တွေကို အားရကျေနပ်မှုမရှိတဲ့အတွက် ဒီလ အောက်တိုဘာ ၂၅ ရက်နေ့ အစည်းအဝေးဗဟိုရဲ့ ဆုံးဖြတ်ချက်အရ စစ်တွေမြို့နယ် ကော်မတီတွေရဲ့ လုပ်ငန်းစဉ်တွေ မတည်မငြိမ် ဖြစ်နေတာတွေ အပြည့်မဆောင်ရွက်နိုင်ခဲ့ဘူး။ အဲ့ဒါတွေကိုတွေညှိနှိုင်းခဲ့တယ်။ အဲ့ဒီ ညှိနှိုင်းဆုံးဖြတ်ချက်အရ မြို့နယ်အလုပ်မှုဆောင်ကော်မတီကို ဖျက်သိမ်းလိုက်ပါတယ်။”

အခုလိုဖျက်သိမ်းပြီးနောက် မြို့နယ်အဆင့်ပါတီအလုပ်အမှုဆောင်ကော်မတီကို မကြာခင် ရွေးချယ်သွားမယ်လို့ ဦးထွန်းကျော်က ဆက်လက်ပြောပါတယ်။

“အရင်ကတော့ စစ်တွေမြို့နယ် အလုပ်မှုဆောင်ကော်မတီ ၂၅ ဦးနဲ့ ဖွဲ့စည်းထားပါတယ်။ လက်တွေ့အခြေအနေကတော့ အကောင်အထည်မဖော်နိုင်ကြဘူး။ ပါတီဗဟိုနဲ့ကင်းကွာနေကြ တယ်။ မနေ့က အစည်းအဝေးကို တက်ရောက်တဲ့အထဲမှာ ကော်မတီဝင်ဒုဥက္ကဋ္ဌနှစ်ဦးလည်း ပါတယ်။ ကော်မတီဝင်အတွင်းရေးမှူး နှစ်ဦးလည်း ပါတယ်။ ဘယ်တော့ ပြန်ပြီး ဖွဲ့စည်းမလဲ ဆိုတာတော့ မသိရသေးဘူး။ ပြန်ပြီးတော့ မကြာခင်ကျနော်တို့ ဖွဲ့စည်းသွားမှာပါ။”

စစ်တွေမြို့နယ် ပါတီအလုပ်အမှုဆောင်တွေကို ၂၀၁၄ ခုနှစ်က သံတွဲမြို့နယ်၊ သိန်းတန်းကျေးရွာမှာ ညီလာခံပြုလုပ်ပြီး ရွေးချယ်တင်မြှောက်ခဲ့တာဖြစ်ပါတယ်။

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ ရခိုင်အမျိုးသားပါတီက ပြည်နယ်လွှတ်တော် ၄၇ နေရာမှာ ယှဉ်ပြိုင်ရာမှာ ၂၃ နေရာ အနိုင်ရရှိခဲ့ပါတယ်။ ဒါပေမယ့် ပါတီအတွင်း သဘောထား မတိုက်ဆိုင်မှုတွေကြောင့် ပါတီအတွင်း ဆက်တိုက် နုတ်ထွက်မှုတွေ ရှိနေပါတယ်။

သတင်း - ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013