DVB Logo
Home
မြန်မာသတင်း
သင်ပုန်းချောင်းအတွင်း အမည်မသိ အမျိုးသားအလောင်းတွေ့
DVB
·
October 26, 2017
သင်ပုန်းချောင်းအတွင်း အမည်မသိ အမျိုးသားအလောင်းတွေ့
Donate to DVB

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ ကျွဲတပ်ရွာအနီး သင်းပုန်းချောင်းအတွင်းမှာ အောက်တိုဘာ ၂၅ ရက်မနက်က ပုပ်ပွနေတဲ့ အမျိုးသားအလောင်းတွေ့ရတယ်လို့ ရွှေတောင်ရွာရဲစခန်းက ပြောပါတယ်။

ဖြစ်စဉ်မှာ လွန်ခဲ့တဲ့ ၂ ပတ်လောက်က သင်းပုန်းချောင်းအတွင်း ကမ်းလုံးပြည့် ရေစီးသန်ပြီး စီးဆင်းခဲ့ပါတယ် အခုအချိန် ရေအနည်းငယ်သာ စီးဆင်းပါတယ်။ ဒီနေ့မနက်မှာ ပုပ်ပွနေတဲ့ အမျိုးသားအလောင်းကို ကျွဲတပ်ရွာအနီး သင်ပုန်ချောင်းအတွင်းတွေ့ရတယ်ဆိုပြီး ရွာခံတွေက အကြောင်းကြားလာတယ်လို့ ဆိုပါတယ်။

ရွှေတောင်ရွာစခန်းမှူး ရဲအုပ်ကျော်နိုင်စိုးက “ဆည်ရေမိုးရေတွေလာတုံးက သင်ပုန်ချောင်း က ရေတအားစီးနေတယ်။ အဲဒီအချိန်က ရေနစ်သေဆုံးခဲ့တာဖြစ်မယ်။ ပုပ်ပွနေပြီး အဝတ်အစားတွေလည်း မရှိတော့ဘူးဆိုတော့ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ ပြောရခက်သွား တယ်။ ရွာကလူတွေမေးမြန်း စုံစမ်းနေရတယ်။ ပြင်ပဒဏ်ရာတစုံတရာ မတွေ့ရပါဘူး။ ဝမ်းတွင်းဆေးရုံမှာ ခွဲစိပ်စစ်ဆေးဖို့ ပို့ပေးရတယ်” လို့ ပြောပါတယ်။

ကျွဲတပ်ရွာဒေသခံတဦးက “လွန်ခဲ့တဲ့တပတ်လောက်က ကုန်းကြီးရွာဘက်က အမျိုးသားတဦးတော့ ရေစီးထဲပါသွားတယ်ကြားရတယ်။ ပုပ်ပွနေတော့ ရုပ်ဖမ်းမရတော့ဘူး။ အဝတ်အစားကြည့်ပြီး ပြောရအောင် အဝတ်အစားလည်းမပါဘူး” လို့ ပြောပါတယ်။

ရွှေတောင်ရွာရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၉/၂၀၁၇ နဲ့ အမှုဖွင့်ပြီး ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ်စစ်ဆေးနေပါတယ်။

သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013