DVB Logo
Home
မြန်မာသတင်း
ကျောက်ဆည်တွင် ဘိလပ်မြေစက်ရုံသစ် ဖွင့်လှစ်
DVB
·
October 26, 2017
ကျောက်ဆည်တွင် ဘိလပ်မြေစက်ရုံသစ် ဖွင့်လှစ်
Donate to DVB

 

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်အတွင်းရှိ မြန်မာသံတော်မြတ် ဘိလပ်မြေ စက်ရုံကို တနေ့လျှင်တန်ချိန် ၁သောင်းထိ တိုးမြှင့်ထုတ်လုပ်နိုင်ရန် မူလရှိပြီးသား ဘိလပ်မြေတန် ၅ထောင် စက်ရုံနေရာမှာ နောက်ထပ်စက်ရုံတခု တိုးမြှင့်တည်ဆောက်ခဲ့ပါတယ်။

ဖွင့်ပွဲမှာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က အခုလို စက်ရုံကြီး ဖွင့်လှစ်နိုင်ခဲ့တဲ့အတွက် ဒေသခံတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုမိုပေါ်ထွန်း လာပြီး အကျိုးရှိစေတယ်လို့ ပြောပါတယ်။

စက်ရုံကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုဖြစ်စေမယ့်ဆိုးကျိုးတွေကို ဂရုစိုက်စေလိုတယ်၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေလုပ်ကိုင်ရာမှာ ဒေသအကျိုးအတွက်လည်း ထည့်သွင်း စဉ်းစားရမှာ ဖြစ်တယ်လို့  ဖွင့်ပွဲမှာ ဝန်ကြီးချုပ်က ပြောသွားပါတယ်။

ဒီစက်ရုံဟာလက်ရှိအချိန်မှာတော့ မြန်မာနိုင်ငံမှာ အကြီးဆုံးဘိလပ်မြေစက်ရုံတခု ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013