DVB Logo
Home
မြန်မာသတင်း
တရားမဝင် တရုတ်ကြက်သွန်နီများ တားမြစ်ပေးရန် တောင်းဆို
DVB
·
October 26, 2017
Donate to DVB

တရုတ်နိုင်ငံက တရားမဝင် ဝင်ရောက်နေတဲ့ ကြက်သွန်နီတွေကို တပတ်အတွင်း တားမြစ်ပေးဖို့ မန္တလေးနဲ့ စစ်ကိုင်းတိုင်းဒေသကြီးထဲက  ကြက်သွန်စိုက် ဒေသခံ တောင်သူတွေက စုဝေး ဆန္ဒထုတ်ဖော် စီစဉ်နေကြပါတယ်။

မနေ့က မန္တလေး၊  မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာ၊ မုံရွာ၊ ဆိပ်ဖြူ၊ ပုခုက္ကူ  စတဲ့ မြို့နယ်တွေက တောင်သူတွေက ပြည်ထောင်စုအစိုးရကို စာတင်ထားပြီး တရားမဝင် ဝင်ရောက်နေတဲ့ ကြက်သွန်တွေကို တားမြစ်ဖို့ တောင်းဆိုထားပြီး ဆက်လက် ဝင်ရောက်နေသေးရင် တောင်သူတွေအနေနဲ့ စုဝေးဆန္ဒထုတ်ဖော်ဖို့ စီစဉ်နေတယ်လို့ ကြက်သွန်စိုက်ပျိုးသူ ဦးကျော်မိုးလင်းက ပြောပါတယ်။

လက်ရှိမှာ ကြက်သွန်စိုက် တောင်သူတွေအနေနဲ့ မိုးကြက်သွန်တွေ ပေါ်လာချိန်မှာ တရုတ်နယ်စပ်က ကြက်သွန်တွေ ဆက်တိုက်ဝင်နေတဲ့အတွက် ပြည်တွင်းကြက်သွန်ဈေးကွက် အကျပ်ရိုက်နေတာ ဖြစ်ပါတယ်။

ဒီတပတ်အတွင်းမှာ မူဆယ် ၁၀၅ မိုင်၊ ရေပူဂိတ်နဲ့ ၁၆ မိုင် နယ်စပ်ဂိတ်တွေကတဆင့်  မိုးကြက်သွန်တွေ ကုန်စည်ဒိုင်ကို စဝင်ခဲ့ပြီး ရက်ပိုင်းအတွင်း အများအပြား ဝင်ရောက်လာတယ်လို့ မြင်းခြံဒေသ ကြက်သွန်ကုန်သည်တွေက ပြောပါတယ်။

သတင်း-AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013