DVB Logo
Home
မြန်မာသတင်း
မုဒုံတွင် ၁၁ နှစ်အရွယ် မိန်းကလေးအား အဓမ္မပြုကျင့်သူကို ဖမ်းဆီး
DVB
·
October 26, 2017
မုဒုံတွင် ၁၁ နှစ်အရွယ် မိန်းကလေးအား အဓမ္မပြုကျင့်သူကို ဖမ်းဆီး
Donate to DVB

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ မှိန်ကနိမ်းကျေးရွာမှာ  အောက်တိုဘာ ၂၅ ရက် နေ့လယ်ပိုင်းက အသက် ၁၁ နှစ်အရွယ် မိန်းကလေးတဦးကို အသက် ၄၂ အရွယ် အမျိုးသားတဦးက အဓမ္မပြုကျင့် ခဲ့တယ်လို့ မုဒုံမြို့မ ရဲစခန်းမှ အရာရှိတဦးက ပြောပါတယ်။

ကော့လှာကျေးရွာနေ ဦးမောင်ဦးရဲ့ခြံမှာ စာရင်းငှားလုပ်ကိုင်သူ ကတုံး(ခ) ၀င်းကြိုင် က ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်နေ ၁၁ အရွယ်မကို မ(-----) ကို မိဘနှစ်ပါးမရှိချိန် ဖုန်းပြင်ပေးမယ်ပြောပြီး မှိန်ကနိမ်းကျေးရွာ ဘူတာနဲ့ ပေ ၄၀၀ ကျော်ဝေးတဲ့ ရထားလမ်းခြုံတော အနီးမှာ အဓမ္မပြုကျင့်ခဲ့ပြီး ဘယ်သူ့ကိုမှ မပြောဖို့နဲ့ ဖုန်းအသစ်တလုံးဝယ်ပေးမည်ဆိုပြီး မိဘတွေအလုပ်လုပ်ကိုင်ရာ ကော့လှာကျေးရွာအရှေ့ပိုင်းကို ပြန်လည်ပို့ဆောင်ပေးခဲ့ရာ  နေအိမ်ပြန်ရောက်ချိန်မှာ မိဘတွေက အဖြစ်မှန်ကို သိရတဲ့အတွက် မိခင်ဖြစ်သူက တရားလိုပြုလုပ်ပြီး တိုင်ကြားခဲ့တာဖြစ်ပါတယ်။

မုဒုံမြို့မ ရဲစခန်းမှ စခန်းမှူး ခင်မောင်ထွန်းက “ခုချိန်မှာ တရားရုံးမှာ တရားခံ ရမန်ယူဖို့နဲ့ အမှုတွေ စစ်ဆေးဆောင်ရွက်နေဆဲပါ” လို့ ပြောပါတယ်။

မုဒုံမြို့နယ်အထွေထွအုပ်ချုပ်ရေးမှူး ဦးကျော်ထင်က "ညကပဲ တနာရီလောက်မှာ တရားခံကို ဖမ်းမိတယ်။ အခု အဲဒီတရားခံဖမ်းဆီးထိန်းသိမ်းထားပြီး ပုဒ်မ-၃၇၆ နဲ့ တရားစွဲတင်ထားတယ်။ ပြစ်မှုကျူးလွန်သူက ၀င်းကြိုင်(၄၂)၊ ကလေးမလေး အမေက ဒေါ်----- က တရားလိုလုပ်ပြီး အမှုဖွင့်ထားခဲ့တာပါ။ အဓမ္မပြုကျင့်ခံရတဲ့ကလေးမက (၁၁)နှစ်။ တရားခံကတော့ မိထားပြီ။ ရဲက စစ်ဆေးဆောင်ရွက်နေတယ်။ ဖြစ်တာကတော့ မနေ့ညနေက ဖြစ်ပြီးတော့ အမှုကို စစ်တာနဲ့ ဖမ်းတာနဲ့ ဆေးစစ်နေတာနဲ့ပဲ ညတနာရီလောက်မှာ အမှုဖွင့်နိုင်ခဲ့တယ်” လို့ ပြောပါတယ်။

မွန်ပြည်နယ်နယ်တွင် ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလကုန်အထိ မုဒိန်းမှု ၃၇ မှုဖြစ်ပွားခဲ့ပြီး မော်လမြိုင်မှာ ၁၀ မှု၊ ကျိုက်ထိုနဲ့ ပေါင်မှာ ၆ မှုစီ၊ သထုံနှင့် ရေးမှာ ၄ မှုစီ၊ ကျိုက်မရောမှာ ၃ မှု၊ သံဖြူဇရပ်မှာ ၂ မှုနဲ့ ချောင်းဆုံနှင့် မုဒုံမှာ ၁ စီဖြစ်ပွားခဲ့ကြောင်း မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရပါတယ်။

သတင်း-အာကာမင်း၊ ဓာတ်ပုံ- အမွှာညီနောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013