DVB Logo
Home
မြန်မာသတင်း
မြိတ်မြို့၌ ယခုနှစ် ခရီးသွားရာသီတွင် ခရီးသွား ကုမ္ပဏီ ၈ ခု ထပ်တိုး
DVB
·
October 26, 2017
မြိတ်မြို့၌ ယခုနှစ် ခရီးသွားရာသီတွင် ခရီးသွား ကုမ္ပဏီ ၈ ခု ထပ်တိုး
Donate to DVB

ပွင့်လင်းရာသီကို ရောက်ရှိလာတော့မယ့် ခရီးသွားရာသီမှာ  မြိတ်ကျွန်းစုကို သွားရောက် လည်ပတ်နိုင်မယ့် ခရီးသွား ကုမ္ပဏီ ၈ ခု ထပ်တိုးလာတယ်လို့ မြိတ်ခရိုင် ဟိုတယ်နှင့်ခရီးသွား ညွန်ကြားမှုဦးစီးဋ္ဌာနရုံးက သိရပါတယ်။

ပြီးခဲ့တဲ့နှစ် ခရီးသွားရာသီမှာ မြိတ်မြို့မှာ ခရီးသွားလုပ်ငန်း ကုမ္ပဏီ ၁၈ ခုပဲရှိပြီး ယခုနှစ်မှာတော့ ကုမ္ပဏီ ၈ ခု ထပ်တိုးလာလို့ စုစုပေါင်း ၂၆ ခုအထိ ရှိလာပြီး နောက်ထပ်လျှောက် ထားတဲ့ ကုမ္ပဏီလေးငါးခုလောက်လည်း ရှိသေးတယ်လို့ မြိတ်ခရိုင် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနရုံးမှ ခရိုင် ဦးစီးမှူး ဦးဇော်လင်းက ပြောပါတယ်။

မြိတ်ကျွန်းစု ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်ပြီး ကျွန်းပေါင်း ၈၀၀ ကျော်အနက် သွားရောက် လည်ပတ်နိုင်တဲ့ ကျွန်းတွေကို ပြီးခဲ့သည့် ခရီးသွားရာသီမှာ ပြည်တွင်း ခရီးသွား ဧည့်သည်တွေ အများဆုံး လာရောက် လည်ပတ်ခဲ့ပြီး နာမည်ရလာတဲ့ ဒေသတခုလည်း ဖြစ်ပါတယ်။

အခုနှစ် ခရီးသွားရာသီအစမှာလည်း ပါပန့်ကျွန်း ဒီရေလှိုင်းပုတ်ချက်တွေနဲ့ အတူ မှော်ဆန်စွာ ဖြစ်ပေါ်နေတဲ့ အရွယ်အစား စုံလင်တဲ့ ကျောက်တုံး လုံးလုံးလေးတွေနဲ့ လက်ရာမြောက်လှတဲ့ Morden Art တခုအဖြစ် အမြင်ဆန်းတဲ့ သဘာဝရှုခင်း တခုကိုလည်း ထပ်တိုးလာပြီး ခရီးသွား ဧည့်သည်တွေ စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်ဟာ ရေလုပ်ငန်း အများဆုံးလုပ်ကိုင်တဲ့ ဒေသတခုဖြစ်ပြီး ရေလုပ်ငန်းနဲ့ ခရီးသွားငန်းတွေနဲ့ နာမည်ရလာတဲ့ ဒေသတခု ဖြစ်ပါတယ်။

ဇော်ဇော်(မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013