DVB Logo
Home
မြန်မာသတင်း
သရဲဝင်ပူးသည်ဟုဆိုကာ ပဲခူးအထည်ချုပ်စက်ရုံ အလုပ်သမားအချို့ ဆေးရုံပို့ဆောင်
DVB
·
October 26, 2017
သရဲဝင်ပူးသည်ဟုဆိုကာ ပဲခူးအထည်ချုပ်စက်ရုံ အလုပ်သမားအချို့ ဆေးရုံပို့ဆောင်
Donate to DVB

 

ပဲခူးမြို့ ဥသာမြို့သစ်၊ အမှတ် ၉ ရပ်ကွက် ပြည်ပစက်မှုဇုန်ရှိ KARISMA APPAREL (လိမ္မော်ရောင်) အထည်ချုပ်စက်ရုံမှာ အောက်တိုဘာ ၂၅ ရက်နေ့က သဘာဝလွန် ဖြစ်ရပ်တခုကြောင့် စက်ရုံအလုပ်သမား ၂၀ လောက်ကို ပဲခူးအထွေထွေရောဂါကုဆေးရုံ ပို့ဆောင် ကုသခဲ့ရပါတယ်။

အလုပ်သမားတွေကို စက်ရုံအတွင်းက ပရလောကသားတွေ ခြောက်လှန့်လိုက်လို့ သတိမေ့သူနဲ့ ဒဏ်ရာအနည်းငယ် ရရှိသွားသူတွေရှိလို့ လူနာတင်ယာဉ်တွေ ရောက်လာပြီး ခေါ်ဆောင်သွားတယ်လို့ စက်ရုံရှေ့မှာရှိနေတဲ့ ဈေးဆိုင်တွေက စုံစမ်းသိရှိရပါတယ်။

ဒီဖြစ်စဉ်မှန်မမှန်ကိုတော့ စက်ရုံတာဝန်ရှိသူတွေ မေးမြန်းဖို့ ဒီဗွီဘီကကြိုးစားပေမယ့် မေးမြန်းခွင့်မရခဲ့ပါဘူး။

ရဲစခန်းကို ဖုန်းဆက်အကြောင်းကြားခဲ့တဲ့ ဒေသခံကိုချိုသန်းက “၉ နာရီ၊ ၁၀ နာရီလောက်မှာ စက်ရုံထဲကနေ ကလေးတွေ သရဲပူးတာလား၊ ဘာလား ကျနော်လည်း မသိဘူး ကလေးတွေ ထမ်းထမ်းထုတ်လာတာ။ ထမင်းစားမလွှတ်ခင် ၁၁ ခွဲအကျော်လောက်မှာ လူ အယောက် ၃၀ ကျော်လောက် ရှိတယ်။ အဲဒီမှာ တောက်လျှောက် ကလေးတွေ အကုန်လုံး အော်အော်ပြီးတော့ ထွက်လာတယ်။ သူတို့က ကလေးတွေကို လွှတ်မပေးဘူး။ စက်ရုံကို အတွင်းတံခါး အပြင်တံခါး ပိတ်ထားတယ်။ ကျနော်ကိုယ်တိုင်ပဲ အမှတ် (၃) ရဲစခန်းကို ဖုန်းဆက်တယ်။ တိုင်းရုံးက ဝန်ကြီးတွေရော၊ ရဲတွေရော ရောက်လာမှ နေ့ခင်းကို မဆင်းခိုင်းတော့ဘဲ လွှတ်ပေးလိုက်တယ်” လို့ ကိုချိုသန်းက ပြောပါတယ်။

ဒီလိုဖြစ်နေတာ ၂ ရက် ၃ ရက်လောက်ရှိနေပြီး အောက်တိုဘာ ၂၅ ရက်နေ့မှာ အခြေအနေဆိုးသွားတယ်လို့ ဆိုပါတယ်။

စက်ရုံနားမှာ နေထိုင်သူတချို့ကတော့ ပရလောကသားတွေ ဝင်ပူးတယ်လို့ပြောပေမယ့် ဒါကို အတည်ပြုမယ့်သူ မရှိပါဘူး။

ဆေးရုံမှာဆေးကုသသူတွေကတော့ ပုံမှန်အခြေအနေပြန်ဖြစ်ပြီလို့ စက်ရုံအလုပ်သမား တချို့က ဒီဗွီဘီကိုပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013