DVB Logo
Home
မြန်မာသတင်း
ပုသိမ်တက္ကသိုလ်အနီး အဆောင်များမှ ဖုန်းများ ခိုးယူသူ ဖမ်းဆီးရမိ
DVB
·
October 26, 2017
Donate to DVB

ပုသိမ်တက္ကသိုလ်နားမှာရှိတဲ့ အဆောင်တွေနဲ့ ရွှေဝတ်မှုံရပ်ကွက်မှာ ရှိတဲ့ အဆောင်တွေမှာ နေထိုင်ကျောင်းတက်နေတဲ့ အဝေးသင်တက္ကသိုလ် ကျောင်းသား ကျောင်းသူတွေရဲ့ ဖုန်းတွေကို လိုက်လံခိုးယူနေတဲ့ အသက် ၁၉ နှစ်အရွယ် လူငယ်တဦးကို ပုသိမ်မြို့မရဲစခန်းက ဖမ်ဆီးထားပါတယ်။

ပုသိမ်မြို့မရဲစခန်းမှ ရဲအုပ်ဇော်မင်းထွန်းက “အောက်တိုဘာလ ၂၂ ရက်နေ့ ညပိုင်းက ပုသိမ်တက္ကသိုလ်အနီးက တာလမ်းမ (အနော်ရထာလမ်း) ပေါ်မှာရှိတဲ့ အဆောင်တွေက ပြည်သူတွေရဲ့ သတင်းပေး ကူညီဖမ်းဆီးမှုကြောင့် ဝေယံဖြိုး (၁၉-နှစ်)ကို ခိုးယူထားတဲ့ ဖုန်း ၂ လုံးနဲ့ စတင်ဖမ်းဆီးမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်တွေအရ အောက်တိုဘာလ ၂၅ ရက်နေ့အထိ ဖုန်းမျိုးစုံ ၈ လုံးကို လိုက်လံသိမ်းဆည်းထားနိုင်ပြီ။ နောက်ထပ် ရောင်းထားတဲ့ ဖုန်းတွေကိုလည်း လိုက်ပြီး သိမ်းသွားမှာပါ”လို့  ပြောပါတယ်။

ဖမ်းဆီးမိတဲ့လူငယ်ဟာ ပုသိမ်မြို့မှာ ဖုန်းခိုးယူဖူးတဲ့ မှတ်တမ်းမရှိဘဲ ဟင်္သာတမြို့မှာ နေထိုင်ဖူးသူ ဖြစ်တဲ့အတွက် ဟင်္သာတမြို့မှာ ပြစ်မှုကျူးလွန်ဖူးတာ ရှိ၊ မရှိကိုတော့ ဟင်္သာတမြို့မ ရဲစခန်းနဲ့ ဆက်သွယ် ဆောင်ရွက်နေတယ်လို့ ပုသိမ်မြို့မရဲစခန်းက သိရပါတယ်။

“ည ၁၂ နာရီအချိန်လောက်တွေမှာ အဆောင်တွေက ပွင့်နေတဲ့ ပြတင်းပေါက်တွေကနေ အားသွင်းထားတဲ့ ဖုန်းတွေကို လိုက်ခိုးတာပါ ခိုးပြီး အောက်ဈေးနဲ့ ဖုန်းတွေကို လိုက်ရောင်းထားတာ။ တမြို့လုံးအနှံ့ပဲ။ အခုလက်ရှိ ပြန်သိမ်းမိထားတဲ့ ဖုန်းတွေကိုလည်း ဖုန်းပျောက်ဆုံးဖူးတဲ့ ကျောင်းသား ကျောင်းသူတွေအနေနဲ့ ပိုင်ဆိုင်တဲ့ အထောက်အထား ခိုင်ခိုင်မာမာပြပြီး ရဲစခန်းမှာ လာရောက်စုံစမ်းအတည်ပြုနိုင်ပါတယ်”လို့ ပုသိမ်မြို့မရဲစခန်းမှ ရဲအုပ်ဇော်မင်းထွန်းက ပြောပါတယ်။

အဆောင်နေ အဝေးသင် ကျောင်းသား ကျောင်းသူတွေရဲ့ ဖုန်းတွေကို လိုက်ပြီးခိုးယူခဲ့တဲ့ ဝေယံဖြိုး (၁၉-နှစ်) ကို ပုသိမ်မြို့မရဲစခန်းက (ပ)၄၃၄/၂၀၁၇ ခိုးမှုပုဒ်မ ၃၈၀ နဲ့ ဖမ်းဆီးအရေးယူထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013