DVB Logo
Home
မြန်မာသတင်း
မြန်မာမိသားစု၏ ဖြစ်ရပ်မှန်ရုပ်ရှင် တိုကျိုနိုင်ငံတကာရုပ်ရှင်ပွဲတော်တွင် ပြသခွင့်ရ
DVB
·
October 26, 2017
မြန်မာမိသားစု၏ ဖြစ်ရပ်မှန်ရုပ်ရှင် တိုကျိုနိုင်ငံတကာရုပ်ရှင်ပွဲတော်တွင် ပြသခွင့်ရ
Donate to DVB

 

ဂျပန်ရောက် မြန်မာမိသားစုတစုရဲ့ ဖြစ်ရပ်မှန်ကို နောက်ခံထား ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ကို အာရှမှာ အမြင့်ဆုံးရုပ်ရှင်ပွဲတော်တခု ဖြစ်တဲ့ တိုကျိုနိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ ပြသခွင့်ရရှိခဲ့ပြီး အောက်တိုဘာ ၂၅ ရက် ညနေက ပြုလုပ်ခဲ့တဲ့ ကော်ဇော်နီ လျှောက်လှမ်းပွဲမှာ လျှောက်ခွင့်ရခဲ့ပါတယ်။

မြန်မာလို ‘ကျနော့်အတွက် ပြန်စရာ နေရာ’လို့ အဓိပ္ပာယ်ရတဲ့ ရုပ်ရှင်ဇာတ်ကားကို ဂျပန်သရုပ်ဆောင်တွေနဲ့အတူ မြန်မာမျက်နှာသစ် သရုပ်ဆောင်တွေနဲ့ ဂျပန်-မြန်မာ နှစ်နိုင်ငံမှာ ၄ နှစ်ကြာ ရိုက်ကူးခဲ့ပြီး အခုလို ရွေးချယ်ခံရတဲ့အပေါ် အထူးဝမ်းသာမိတယ်လို့ ဂျပန် လူငယ်ဒါရိုက်တာ အခိအို ဖူဂျီမိုတိုက ဒီဗွီဘီကို ပြောပါတယ်။

အကြိမ် ၃၀ မြောက် တိုကျိုနိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ အမေရိကန် ဟောလီးဝုဒ်နဲ့ အာရှမှ နာမည်ကြီး သရုပ်ဆောင်တွေ၊ ဒါရိုက်တာတွေလည်း တက်ရောက်ခဲ့ပါတယ်။

အဆိုပါရုပ်ရှင်ကို တိုကျိုမြို့ Roppongi Hills ရှိ TOHO ရုပ်ရှင်ရုံမှာ အောက်တိုဘာ ၂၉ ရက်နေ့က စတင်ပြသမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013