
ထိုင်းဘုရင်ဘူမိဘော အဒူလျာဒက်ဂ်ျရဲ့ တော်ဝင်ဈာပန အခမ်းအနားသို့ တက်ရောက်ဖို့ သမ္မတ ဦးထင်ကျော်နှင့်ဇနီး ဒေါ်စုစုလွင်တို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ရောက်ရှိနေပါတယ်။
မြန်မာသမ္မတနဲ့အဖွဲ့ဟာ မနေ့ မွန်းလွဲပိုင်းကနေ နေပြည်တော်မှ အထူး လေယာဉ်နဲ့ ထွက်ခွာသွားကြပြီး ဘန်ကောက်မြို့ ဒွန်မောင်း အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ထိုင်းဘုရင့် အတိုင်ပင်ခံ ကောင်စီဝင် ဗိုလ်ချုပ်ကြီး ပိုင်ဘွန်းကွမ်းချာယာနဲ့ တာဝန်ရှိသူတွေက လာရောက်ကြိုဆိုခဲ့ကြတယ်လို့ အစိုးရပြန်ကြားရေးက သတင်းထုတ်ပါတယ်။
ဒီကနေ့ ကျင်းပတဲ့ ထိုင်းဘုရင်ကြီးဘူမိဘောရဲ့ တော်ဝင်ဈာပနအခမ်းနားကို သိန်းနဲ့ချီတဲ့ ထိုင်းပြည်သူတွေတက်ရောက်ဂါရ၀ပြုခဲ့ကြသလို မြန်မာအပါအ၀င်အိမ်နီးချင်းနိုင်ငံတွေက ခေါင်းဆောင်တွေနဲ့ ဘုရင်စနစ်ကျင့်သုံးတဲ့ နိုင်ငံတွေက တော်ဝင်မိသားစုတွေ ပါဝင် တက်ရောက်နေ ကြပါတယ်။
ဓာတ်ပုံ- သမ္မတရုံး











