DVB Logo
Home
မြန်မာသတင်း
စိတ်ကျန်းမာရေးဆေးရုံများ နယ်လူထုနှင့် အလှမ်းဝေးနေ
DVB
·
October 26, 2017
စိတ်ကျန်းမာရေးဆေးရုံများ နယ်လူထုနှင့် အလှမ်းဝေးနေ
Donate to DVB

ရန်ကုန် စိတ်ကျန်းမာရေးဆေးရုံကြီးမှာ အရင်နှစ်အတွင်း လေ့လာမှုတွေအရ လူ ၃၅၀ ကျော်ဟာ ဆေးရုံအတွင်း နှစ် ဆယ်နဲ့ချီ နေရတာတွေ ရှိနေတယ်လို့ Aung Clinic ဆေးခန်းရဲ့ တာဝန်ခံဆရာဝန် Polly Dewhirst က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေမှာပဲ စိတ်ကျန်းမာရေးဆေးရုံကြီးတွေရှိပြီး လူတွေနဲ့ အလှမ်းဝေးနေသေးတာကြောင့် မိသားစုတွေလာရောက်ဖို့ ခက်ခဲနေကြောင်း၊ မြန်မာနိုင်ငံမှာ စိတ်ကျန်းမာရေး ဝေဒနာရှင်တွေကို ဆေးဝါးနဲ့သာ ကုသနေဆဲဖြစ်ပြီး လူနာတွေအနေနဲ့ လူ့အဖွဲ့အစည်းကို ပြန်သွားနိုင်မယ့် အစီအစဉ်တွေ မရှိသေးဘူးလို့ သူက ပြောပါတယ်။

ဒါ့အပြင် စိတ်ကျန်းမာရေး ဝေဒနာရှင်တွေအနေနဲ့ မိသားစုအပေါ်မှာသာ မှီခိုနေရပြီး အဲဒီ မိသားစုဝင်တွေရဲ့ ရှက်ရွံ့မှုကြောင့် လူရှေ့မထုတ်ဘဲ ဝေဒနာရှင်တွေအနေနဲ့ နေအိမ်ထဲမှာ နေထိုင်နေရတယ်လို့ ပြောပါတယ်။

အဲဒီလူနာတွေကို ဆေးပေးတဲ့အပြင် ပြောဆိုဆွေးနွေးတာတွေ လုပ်ပေးဖို့ သူတို့အတွက် လူတွေနဲ့ ယှဉ်တွဲနေထိုင်ဖို့ အလုပ်အကိုင်တချို့ လုပ်ကိုင်ခွင့်ပေးထားဖို့ လိုတယ်လို့လည်း ဆွေးနွေးတာတွေ ရှိပါတယ်။

ရန်ကုန်စိတ်ကျန်းမာရေးဆေးရုံကြီးမှာ စိတ်ကျန်းမာရေးချို့တဲ့သူ နေ့စဉ် ၁၅၀၀ လောက်ရှိနေပြီး ကုသမှုတွေကို ဆောင်ရွက်ပေးနေတယ်လို့ ပရော်ဖက်ဆာ ဒေါက်တာတင်ဦးက ပြောပါတယ်။

စိတ်ကျန်းမာရေး ကုသမှုတွေကို အရင်ထက် ပိုမိုထိရောက်တဲ့ နည်းလမ်းတွေရရှိဖို့ စိတ်ကျန်းမာရေးဆရာဝန်တွေ၊ အန်ဂျီအို အဖွဲ့အစည်းတွေနဲ့ အိုင်အန်ဂျီအို အဖွဲ့အစည်းတွေ ပူးပေါင်း ဆွေးနွေးသွားမယ်လို့ ပရော်ဖက်ဆာ ဒေါက်တာတင်ဦးက ပြောပါတယ်။

စိတ်ကျန်းမာရေးကုသမှုတွေနဲ့ ပတ်သက်ပြီး ပိုမိုထိရောက်တဲ့ ကုသမှုတွေရရှိဖို့ အောက်တိုဘာ ၂၅ ရက်နေ့က ရန်ကုန်မြို့ ဗိုလ်တထောင်ဆိပ်ကမ်းက Ventage Yacht ဟိုတယ်မှာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခဲ့ပြီး ရန်ကုန်စိတ်ကျန်းမာရေးဆေးရုံကြီးက ဆရာဝန်တွေ၊ အစိုးရဆေးရုံတွေက ဆရာဝန်တွေ၊ အန်ဂျီအို အဖွဲ့အစည်းတွေနဲ့ အိုင်အန်ဂျီအို အဖွဲ့အစည်းတွေ တက်ရောက်ကြပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013