DVB Logo
Home
မြန်မာသတင်း
တံတားဦးမြို့နယ်၌ ကျောက်တင်​ထော်​လာဂျီယာဉ်များ ဖြတ်သန်းခွင့်မပြုသဖြင့် အခက်ကြုံ
DVB
·
October 25, 2017
တံတားဦးမြို့နယ်၌ ကျောက်တင်​ထော်​လာဂျီယာဉ်များ ဖြတ်သန်းခွင့်မပြုသဖြင့် အခက်ကြုံ
Donate to DVB

မန္တလေးတိုင်း တံတားဦးမြို့နယ် မန္တလေး-မြင်းခြံလမ်းအထွက်ရှိ သာယာဦးကုမ္ပဏီက ကောက်ခံနေတဲ့ ဘီးခွန်နဲ့တန်ပိုကြေးဂိတ်မှာ ကျောက်တင်ထော်လာဂျီယာဉ်တွေ ဖြတ်သန်းမောင်းနှင်ခွင့် မပြုလို့  ထော်လာဂျီနဲ့ ဝမ်းစာရှာဖွေနေသူတွေ အခက်တွေ့နေပါတယ်။

ဒါကြောင့်သက်ဆိုင်ရာတာဝန်ရှိသူတွေ အနေနဲ့ ကူညီဆောင်ရွက်ပေးစေလိုကြောင်းနဲ့ နိုင်ငံတော်သမ္မတ၊ မန္တလေးတိုင်းဝန်ကြီးချုပ်၊ ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ တံတားဦး လွှတ်တော်ကိုယ်စားလှယ်တို့ကိုလည်း တင်ပြတိုင်တန်းထားတယ်လို့ ထော်လာဂျီမောင်းနှင်သူ ကိုမျိုးကိုစန်းက ပြောပါတယ်။

“BOT ဂိတ်ကို လုပ်ထုံးလုပ်နည်းအတိုင်းလုပ်ထားတာမဟုတ်ဘူး။ မြို့နယ်စည်ပင် နယ်နိမိတ်နဲ့ ၃ မိုင်အကွာမှာ BOT ဂိတ်ကရှိရမှာဖြစ်တယ်။ မြို့ရဲ့စည်ပင်နယ်နမိတ်အတွင်းမှာ ဒီBOT ဂိတ်ကရှိနေတဲ့အတွက် မြို့နယ်အတွင်း လုပ်စားနေကြတဲ့ ဒေသခံထော်လာဂျီတွေက အဆမတန်ဂိတ်ကြေးပေးဆောင်နေကြရတယ်။”

ဒီကိစ္စကို ဆောက်လုပ်ရေးဝန်ကြီးနဲ့ ပြည်သူ့ဆောက်လုပ်ရေး လမ်းတံတားဌာနကိုလည်း တင်ပြပြီး အမြန်ဆုံး မြို့နယ်စည်ပင်နယ်နမိတ်နဲ့ ၃ မိုင်အကွာမှာ ရွှေ့ပြောင်းပေးဖို့ လွှတ်တော်ကို တင်ပြသွားမယ်လို့ တံတားဦးပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဒေါ်စိုးနွယ်အေးက ပြောပါတယ်။

“BOT ဂိတ်သာ မြို့နယ်စည်ပင်နယ်နိမိတ်နဲ့ ၃ မိုင်အကွာမှာသာ ဥပဒေနဲ့အညီ BOT ဂိတ်ကရှိနေမယ်ဆိုရင် တံတားဦးမြို့နယ် ကျေးရွာတွေက ထော်လာဂျီမောင်းနှင်နေသူတွေဟာ တန်ပို ချိန်တွယ်စရာမလို ဂိတ်ကြေးလဲပေးစရာမလိုတော့ဘူး။ အခုတော့ ဒီ BOT ဂိတ်ကြီးက ဥပဒေနဲ့မညီဘဲ မြို့ရဲ့စည်ပင်နယ်နမိတ်မှာ ဖွင့်ထားတဲ့အတွက် ကျေးလက်ဖွံ့ဖြိုးရေးကို ထိခိုက်စေ သလို အခြေခံလက်လုပ်လက်စား ထော်လာဂျီမောင်းနှင်ပြီး ဝမ်းစာရှာစားနေကြသူတွေ အားလုံးအခက်အခဲနဲ့ ရင်ဆိုင်နေကြရတယ်”

တံတားဦးမြို့်နယ်အတွင်းက တပယ်ကျေးရွာ၊ မြေငူ၊ ထောက်ရစ်၊ ဆင်တဲ၊ ကတိုးဆိပ်၊ ရေကမိုး၊ မြင်းသည်၊ လက်ပံဇင် စတဲ့ရွာတွေဟာ သာယာဦးကုမ္ပဏီက ဖွင့်လှစ်ထားတဲ့ BOT ဂိတ်နဲ့ ဘီးခွန်ဂိတ်ကို နေ့စဉ်ဖြတ်သန်းနေကြရတာပါ။

တံတားဦးမြို့နယ်အတွင်းမှ နေ့စဉ်သွားလာအသုံးပြုနေတဲ့ ထော်လာဂျီယာဉ်ပေါင်း ၅၀၀ နီးပါးရှိတဲ့ မြို့လည်းဖြစ်ပါတယ်။

ဒီကိစ္စ ဆောက်လုပ်ရေးရုံးက တာဝန်ရှိသူကို သွားရောက်မေးမြန်းခဲ့ပေမယ့် ခရီးလွန်နေတာမို့ မေးမြန်းလို့ မရခဲ့ပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013