DVB Logo
Home
မြန်မာသတင်း
နယ်စပ်လုံခြုံရေး ဒေါ်အောင်ဆန်းစုကြည်နှင့် ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေးဝန်ကြီး တွေ့ဆုံဆွေးနွေး
DVB
·
October 25, 2017
နယ်စပ်လုံခြုံရေး ဒေါ်အောင်ဆန်းစုကြည်နှင့် ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေးဝန်ကြီး တွေ့ဆုံဆွေးနွေး
Donate to DVB

 

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့  ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပြည်ထဲရေးဝန်ကြီး အဆာဒူဇာမန်းခန်းတို့ ဒီကနေ့မနက်  နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဧည့်ခန်းမမှာ တွေ့ဆုံဆွေးနွေးပါတယ်။

ထိုသို့တွေ့ဆုံရာမှာ အိမ်နီးချင်းနှစ်နိုင်ငံအကြား နယ်စပ်ဒေသ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်တွေ၊ ဘင်္ဂလားဒေ့ရှ်ဘက်သို့ မြန်မာဘက်မှ ရောက်ရှိနေသူတွေကို ပြန်လည်စိစစ်လက်ခံရေးကိစ္စတွေနဲ့ ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ကြတယ်လို့ နိုင်ငံခြားရေးဌာနက သတင်းထုတ်ပါတယ်။

ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ အောက်တိုဘာ ၂၃ရက်ကတည်းက မြန်မာနိုင်ငံမှာ ရောက်ရှိနေတာဖြစ်ပြီး လုံခြုံရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာနဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဆက်ဆံရေးရုံးတွေ ထူထောင်မှုဆိုင်ရာနားလည်မှု စာချွန်လွှာတို့ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ဒါ့အပြင် နှစ်နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနအကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက် ၁၀ ချက်ကို အတည်ပြုခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013