Home
မြန်မာသတင်း
တောင်​ကြီး တန်​​ဆောင်​တိုင်​ မီးပုံးပျံပြိုင်​ပွဲ ကျင်းပရန် ပြင်ဆင်မှုများပြုလုပ်
DVB
·
October 25, 2017
22815431_541711176168989_511311833226873657_n
22814470_541711196168987_8010700187436114152_n
22730564_541711219502318_2291398496986078226_n
22730420_541711152835658_8294135367493019558_n
  အောက်တိုဘာ ၂၆ ရက်နေ့ ညနေပိုင်းမှာ တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲ ကျင်းပတော့မှာ ဖြစ်တဲ့အတွက် အောက်တိုဘာ ၂၅ ရက်နေ့ကစပြီး ပြင်ဆင်မှုတွေ လုပ်နေပြီ ဖြစ်ပါတယ်။ တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲမှာ လုံခြုံရေးကင်မရာ CCTV အလုံး ၅၀ တပ်ဆင်ပြီး မှုခင်းမဖြစ်အောင် ပြင်ဆင်ထားပါတယ်။ ဈေးဆိုင်ခန်း၊ ကွင်းအပြင်အဆင်၊ လုံခြုံရေး၊ လမ်းပိတ်ဆို့မှုမရှိအောင် လမ်းသွားလာရေး စသဖြင့် ပြင်ဆင်နေကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် တန်ဆောင်တိုင် ပွဲခင်းအတွက် ဆိုင်ခန်းနေရာ ရောင်းချမှုက အရင်နှစ် ဈေးနှုန်းအတိုင်း ရောင်းချပေးနေကြောင်း သိရပါတယ်။ ဆိုင်ခန်းရောင်းချသူ တာဝန်ခံ ကိုကျော်လင်းက “ဆိုင်ခန်းက ပေအရှည်အတိုနဲ့ ရောင်းမယ့် ကုန်ပစ္စည်းပေါ်မူတည်ပြီး သတ်မှတ်ဈေးနှုန်းရှိပါတယ်၊ ၁၀ ပေပတ်လည်မှာ ၂ သိန်း၊ ကုမ္ပဏီ ဆိုင်ခန်းအတွက် ၁၀ သိန်း၊ ၁၅ သိန်း အဲဒီလို သတ်မှတ်တာရှိတယ်။ အရင်နှစ်အတိုင်းပါပဲ၊ ဒီနှစ်က တင်ဒါဈေးတက်တော့ ကန်ထရိုက်အတွက် မကိုက်ဘူး၊ ဘာလို့လဲ ဆိုတော့ ဆိုင်ခန်းအလွတ်တွေ တော်တော်များများ ကျန်သေးတယ်”လို့  ပြောပါတယ်။ ဒီနှစ် တောင်ကြီး တန်ဆောင်တိုင်ပွဲအတွက် လုံခြုံရေး ကင်မရာ CCTV အလုံး ၅၀ တပ်ဆင်ထားပြီး၊ ရဲအင်အား ၇၀၀ ကျော် အသုံးပြုသွားမှာ ဖြစ်ပါတယ်။ ဒီနှစ် တန်ဆောင်တိုင် မီးပုံးပျံ ပြိုပွဲမှာ ညမီးကြီး ၈၈ လုံး၊ စိန်နားပန် ၃၇၊ နေ့လွတ်အရုပ် ၄၀၀ ကျော်ရှိပြီး ပြိုင်ပွဲကို အောက်တိုဘာ ၂၆ ရက်မှ နိုဝင်ဘာလ ၃ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ သတင်း - ခွန်ရာဇာ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024