DVB Logo
Home
မြန်မာသတင်း
မြိတ်ကမ္ဘောဇဘဏ်ခွဲတွင် သေနတ်ပြ အနုကြမ်းစီးသူအား ရဲတပ်ဖွဲ့ ပိတ်ဆို့ရှာဖွေနေ
DVB
·
October 25, 2017
မြိတ်ကမ္ဘောဇဘဏ်ခွဲတွင် သေနတ်ပြ အနုကြမ်းစီးသူအား ရဲတပ်ဖွဲ့ ပိတ်ဆို့ရှာဖွေနေ
Donate to DVB

မြိတ်ကမ္ဘောဇဘဏ်ခွဲမှာ အောက်တိုဘာ ၂၄ ရက်နေ့က သေနတ်ပြခြိမ်းခြောက် ငွေလုယူ သွားသူမှာ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်တွေက နေရာအနှံ့ ပိတ်ဆို့ရှာဖွေ တာတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

မြိတ်မြို့လယ်ခေါင်မှာရှိတဲ့ ကမ္ဘောဇ ဘဏ်ခွဲကို ဆိုင်ကယ်စီးသေနတ်သမားတဦးမှ ဘဏ်ဝန်ထမ်းတွေနဲ့ ဘဏ်အတွင်းရှိ လူတွေကို သေနတ်ပြခြိမ်းခြောက်ပြီး ငွေလာရောက် အပ်နှံသူထံမှ ငွေကျပ်သိန်း ၂၇၀ ကိုလုယူသွားခဲ့ခြင်း ဖြစ်ကြောင်းသိရပါတယ်။

"ကျနော်တို့လည်း ဖမ်းဆီးရမိဖို့ပိတ်ဆို့ စစ်ဆေးမှုတွေ လုပ်နေပါတယ်။ ဘဏ်ဝန်ထမ်းတွေ၊ မသင်္ကာတဲ့ သူတွေအားလုံးကို စစ်ဆေးနေပါတယ်။ မြို့လယ်ခေါင်မှာဖြစ်တဲ့အပြင် ဒီသတင်းက လည်း အတော်လေးကိုဂယက်ထသွားတော့ သိက္ခာကျစရာတွေဖြစ်ခဲ့တယ်။ ဘဏ်ထဲမှာ လူတွေ ဒီလောက်များနေတာကို သေနတ်သမားကို မထိန်းလိုက်နိုင်ဘူး။ နောက်ပြီးသေနတ်ကလည်း အတုဖြစ်ဖို့များပါတယ်။ ကျနော်တို့ကတော့ CCTV မှတ်တမ်း တွေကို ဆက်စပ်နယ်မြေတွေကို ပေးပို့ထားပြီး ဖမ်းဆီးရမိဖို့ဆောင်ရွက်နေပါတယ်"လို့ ဒုစခန်းမှူး ရဲအုပ်အောင်ဝင်းလှိုင်မှ ပြောပါတယ်။

ငွေလာရောက်လုယက်သူမှာ ကမ္ဘောဇဘဏ်(ရုံးချုပ်)မှ ငွေလာရောက်လွဲသူထံမှ လုယူခဲ့သည်ဟု ထုတ်ပြန်ထားပေမယ့်လည်း သေနတ်ပြငွေလုယူသူမှာ ငွေစစ်ဆေးတဲ့ ကောင်တာမှ လုယူသွားတာဖြစ်ကြောင်း ရဲအုပ်အောင်ဝင်းလှိုင်မှ အတည်ပြုပြောကြားခဲ့ပါတယ်။

သေနတ်ပြလုယက်သူမှာဆိုင်ကယ်နဲ့ ထွက်ပြေးလွတ်မြောက်သွားပေမယ့်လည်း ဖမ်းဆီးရမိဖို့ နီးစပ်တဲ့အနေထားဖြစ်နေပြီလို့ ရဲတပ်ဖွဲ့ဝင် တဦးက ပြောပါတယ်။

"လက်ရှိမှာတော့ ကျွဲကူးတံတား၊ ပသောင်းတံတား၊ ပလောက်တံတား၊ တနင်္သာရီတံတား တွေအပြင် တခြားလမ်းကြောင်းတွေအားလုံးမှာ သက်ဆိုင်ရာ မြို့နယ်က ဒုမြို့နယ်ရဲမှူးတွေ ကိုယ်တိုင်တာဝန်ချပြီး ပိတ်ဆို့ရှာဖွေနေကြတယ် မှတ်တမ်းပုံတွေကို ဖြန့်ဝေထားပါတယ်"လို့ မြိတ်ခရိုင်မှုခင်းအကူမှ ရဲအုပ်ခင်မောင်အေးက ပြောပါတယ်။

အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်ပြီး မြိတ်မြို့မရဲစခန်းမှ ( ပ ) ၂၄၁၅ / ၂၀၁၇၊ ရာဇသတ်ကြီး ပုဒ်မ ၃၉၂ အရ အမှုဖွင့်ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

သတင်း - မြတ်ထွဋ် (မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013