DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းဝန်ကြီးချုပ်မန်းဂျော်နီ ရခိုင်ပြည်နယ်က ဒုက္ခသည်များကိုသွားရောက်ကူညီ
DVB
·
October 25, 2017
ဧရာဝတီတိုင်းဝန်ကြီးချုပ်မန်းဂျော်နီ ရခိုင်ပြည်နယ်က ဒုက္ခသည်များကိုသွားရောက်ကူညီ
Donate to DVB

 

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်မန်းဂျော်နီနဲ့ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေ ဒီကနေ့ တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးအပြီးမှာ ရခိုင်ပြည်နယ်က ဒုက္ခသည်တွေကိုကူညီဖို့အတွက် ရခိုင်ပြည်နယ်ကို ထွက်ခွာသွားပါပြီ။

မောင်တောနယ်စပ်တလျှောက် ဒုက္ခသည်စခန်းတွေက ဒုက္ခသည်တွေလိုအပ်တဲ့ အကူအညီတွေ၊ အဆောက်အဦတွေ ဆောက်လုပ်ပေးဖို့လုပ်ငန်းတွေမှာ တစ်နိုင်ငံလုံး ပူးပေါင်းဆောင်ရွက်တဲ့ကိစ္စတွေမှာ ပါဝင်ဆောင်ရွက်တာဖြစ်တယ်လို့ ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောပါတယ်။

လက်ရှိမှာတော့ အဆောက်အဦတွေတည်ဆောက်ဖို့အတွက် အဖွဲ့တဖွဲ့ကို ကြိုတင် စေလွှတ်ထားတယ်လို့ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာတော့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအနေနဲ့ ရခိုင်ပြည်နယ်အစိုးရနဲ့ ညှိနှိုင်းပြီး လိုအပ်တဲ့ကိစ္စတွေကို ကူညီဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဝန်ကြီး ဦးဝင်းဌေးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013