DVB Logo
Home
မြန်မာသတင်း
မင်္ဂလာတောင်ညွှန့်နှင့် လမ်းမတော်မြို့နယ်တွင် ငွေစက္ကူအတုများတွေ့ရှိ
DVB
·
October 25, 2017
မင်္ဂလာတောင်ညွှန့်နှင့် လမ်းမတော်မြို့နယ်တွင် ငွေစက္ကူအတုများတွေ့ရှိ
Donate to DVB

 

ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်နဲ့ လမ်းမတော်မြို့နယ်ရှိ ရိုးမဘဏ်ခွဲတွေမှာ လာရောက်ပေးသွင်းတဲ့ ငွေစက္ကူအတု ၁၀၀၀၀ ကျပ်တန် ၄ ရွက်နဲ့ ၅၀၀၀ ကျပ်တန် ၃ ရွက် တွေ့ရှိသူတွေက ရဲစခန်းသို့ လာရောက်အပ်နှံခဲ့တယ်လို့ ပြည်ထဲရေးဌာနက ထုတ်ပြန်ပါတယ်။

၂၀၁၇ စက်တင်ဘာ ၈ ရက်မှ ၂၉ ရက်အထိ မင်္ဂလာတောင်ညွန့်မြို့နယ်၊ မြန့်မာဂုဏ်ရည်လမ်းရှိ ရိုးမဘဏ်လီမိတက်ဘဏ်ခွဲသို့ ဦးစိုးနိုင်(စိစစ်ဆဲ)၊ ကန်တော်လေးရပ်ကွက် မင်္ဂလာတောင်ညွန့်မြို့နယ်နေသူပါ ၅ ဦးလာရောက်ပေးသွင်းတဲ့ ငွေများအနက်မှ ငွေစက္ကူအတု ၁၀,၀၀၀ ကျပ်တန် ၄ ရွက်၊ ၅၀၀၀ ကျပ်တန် ၂ ရွက်တို့ တွေ့ရှိရတဲ့အတွက် အောက်တိုဘာ ၂၄ ရက်နေ့ နေ့လယ် ၂ နာရီမှာ မင်္ဂလာတောင်ညွန့်မြို့မ ရဲစခန်းသို့ လာရောက်အပ်နှံခဲ့တယ်လို့ သိရပါတယ်။

အလားတူ ၂၀၁၇ အောက်တိုဘာ ၁၃ ရက်၁၀ နာရီက လမ်းမတော်မြို့နယ်၊ ၆ ရပ်ကွက်ရှိ ရိုးမဘဏ်ခွဲသို့ ရန်ကင်းမြို့နယ် (၁)ရပ်ကွက်နေသူ ဦးနေဝင်းအောင် လာရောက် အပ်နှံတဲ့ ငွေများအနက်မှ ငွေစက္ကူအတု ၅,၀၀၀ ကျပ်တန် ၁ ရွက်ကို တွေ့ရှိတဲ့အတွက် အောက်တိုဘာ ၂၃ ရက်၁၁ နာရီခွဲလောက်က လမ်းမတော်မြို့မရဲစခန်းသို့ လာရောက် အပ်နှံခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013