DVB Logo
Home
မြန်မာသတင်း
၅ တန်းကျောင်းသူကို အဓမ္မပြုကျင့်ရန် ကြံစည် သတ်ဖြတ်ခဲ့သူကို ၄ ရက်တွင်း ဖမ်းဆီးရမိ
DVB
·
October 25, 2017
Donate to DVB

မြန်အောင်မြို့နယ်တွင်း ၅ တန်းကျောင်းသူကို အဓမ္မပြုကျင့်ဖို့ ကြံစည် သတ်ဖြတ်ခဲ့တဲ့ လူသတ်မှုကို ၄ ရက်မြောက်နေ့မှ တရားခံဖမ်းဆီးရမိခဲ့တယ်လို့ အင်ပင်နယ်မြေ ရဲတပ်ဖွဲ့စခန်းမှ သိရပါတယ်။

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် ငါးဘတ်ကျကျေးရွာအုပ်စု ငါးဘတ်ကျ ကျေးရွာမှာ အောက်တိုဘာ ၂၀ ရက်နေ့ နေ့လယ် ၂ နာရီခွဲလောက်က ၅ တန်းကျောင်းသူတဦး လယ်ကွက်ထဲမှာ သေဆုံးနေတာကို တွေ့ရှိခဲ့ရာ ရဲတပ်ဖွဲ့မှ သွေးရိုးသားရိုးသေဆုံးတာ မဖြစ်နိုင်ကြောင်း တွက်ဆမိတဲ့အတွက် အသေးစိတ် စစ်ဆေးတာတွေ ပြုလုပ်ခဲ့ရာ ၄ ရက်မြောက်နေ့မှာ သတ်ဖြတ်တဲ့ တရားခံကို ဖမ်းဆီးရမိတာပါ။

အင်ပင်နယ်မြေ ရဲတပ်ဖွဲ့စခန်းမှ ရဲဒုတပ်ကြပ် လင်းထင်က "ဟုတ်တယ်၊ ကလေးမလေးက ၅ တန်းပဲရှိသေးတယ်။ အဲဒီနေ့က ကျောင်းဆင်းလို့ ကျောင်းက ပြန်လာတယ်။ အဲမှာ အခုတရားခံက အဓမ္မကြံစည်ဖို့ လုံးထွေးရာ နောက်ကလူတွေ ကျောင်းသား ကျောင်းသူတွေ ရောက်လာလို့ ရေနစ်ပြီး သတ်ဖြတ်ခဲ့တာဗျ။ စခန်းကို အကြောင်းကြား လို့ ကျနော်တို့ သွားရောက် စစ်ဆေးစဉ် ဒီအမှုက လယ်ကွက်ထဲကျ သေဆုံးတာလို့ အများ ထင်သလိုမျိုး မဟုတ်နိုင်ဘူးလေ။ အဲဒါကြောင့် ရွာထဲကလူတွေ အခြေအနေနဲ့ အမှုအခင်း ဖြစ်ဖူးသူတွေကို စောင့်ကြည့်တာတွေ လုပ်တယ်ဗျ။ အဲဒီမှာ ခုတရားခံက ကလေးမလေး သေပြီးကတည်းက ရွာပြင်က ပဲတီစိမ်းစိုက်ခင်းထဲ သွားနေတယ်။ ပြီးတော့ ဒီကလေးမလေး မသေခင်က အခုတရားခံက အဲဒီလယ်ကွက်နားမှာ ချောင်းမြောင်းနေတာတွေကို ရွာသားအချို့က တွေ့ဖူးတယ်။ ဒါကြောင့် အခုတရားခံကို ဖမ်းဆီးစစ်မေးတော့ အမှုပေါ်တာပါပဲ။ လောလောဆယ် တရားခံကို စစ်ဆေးတာတွေနဲ့ ရဲလုပ်ငန်းတွေလုပ်ကိုင်နေပါတယ်"လို့ ဒီဗွီဘီကို ပြောပါတယ်။

အခုဖြစ်စဉ်ကိုတော့ အင်ပင်ရဲတပ်ဖွဲ့စခန်းက အမှုဖြစ်စဉ်အမှတ် ၂၀၁၇/၁၁၂ ရာဇာသတ်ကြီး ဥပဒေပုဒ်မ လူသတ်မှု ၃၀၂ နဲ့ ကနဦးအမှုဖွင့် အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။

သတင်း - သန်းထိုက်မြင့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013