DVB Logo
Home
မြန်မာသတင်း

ဝမ်းတွင်းမြို့သို့ အိန္ဒိယကောင်စစ်ဝန်ချုပ်လာရောက်၊ စက်ရက်ကန်းလုပ်ငန်းအခက်အခဲများ ပူးပေါင်းဖြေရှင်းရန် ဆွေးနွေး

DVB
·
October 25, 2017
Donate to DVB

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့ အောက်တိုဘာလ ၂၄ ရက် မနက်က LEADER OF TEXTILE ကုမ္ပဏီရဲ့ လူငယ်စက်ရက်ကန်းလုပ်ငန်းရှင် ဒါရိုက်တာအဖွဲ့ ၁၀ ဦးနဲ့ အိန္ဒိယ ကောင်စစ်ဝန်ချူပ် Mr.Nandan Singh Bhaisora လာရောက်တွေ့ဆုံပြီး စက်ရက်ကန်း လုပ်ငန်းရဲ့ အခက်အခဲတွေကို ပူးပေါင်းဖြေရှင်းပြီး ဆက်စပ်ပစ္စည်းတွေ ဈေးနှုန်းသက်သာ လွယ်ကူ ရရှိစေဖို့ ဆွေးနွေးခဲ့တယ်လို့ ဒါရိုက်တာအဖွဲ့ဝင် ကိုကျော်သူထွေးက ပြောပါတယ်။

ဒါရိုက်တာအဖွဲ့ဝင် ကိုလှဘူးက “အခုလတ်တလောမှာ ဝမ်းတွင်း စက်ရက်ကန်း အခက်အခဲတွေကတော့ အများကြီးပေါ့။ တရိုတ်နိုင်ငံဘက်နဲ့ အိန္ဒိယဘက်က ကုန်ကြမ်းတွေ ဝယ်ပြီး ကုန်ချောဖြစ်တဲ့အထည် ရက်လုပ်ရတယ်။ အိန္ဒိယဘက်က ပိုပြီး ဝယ်ဖြစ်အောင် ပူးပေါင်းလာတယ် ဆိုရမယ်။ သူတို့ဘက်က တတ်နိုင်တဲ့ အကူအညီ ပေးမယ်ဆိုတာ ကတိပေးတယ်။ ဒီဘက်က အခက်အခဲတွေကိုလည်း သေချာနားထောင် မှတ်သားပြီး ပူးပေါင်းလုပ်ဆောင်မယ်ဆိုတာ ပြောတယ်။ အခုလို လာရောက်တာ တအားဝမ်းသာတယ်” လို့ ပြောပါတယ်။

ဒါရိုက်တာ ကိုငယ်ထွေးဝင်းက “၁၉၆၂ ခုနှစ်ကတည်းက စက်ပစ္စည်းတွေနဲ့ လုပ်ငန်းဖြစ်အောင် လုပ်နေတာကို ချီးကျူးတယ်။ အိန္ဒိယမှာတော့ ဒီစက်တွေ မသုံးတော့ဘူးပေါ့။ ခေတ်မမီပေမယ့် အားထုတ်လုပ်နေတာကိုလည်း အံ့သြနေတယ်”လို့ ပြောပြပါတယ်။

အိန္ဒိယကောင်စစ်ဝန်ဟာ ဝိမဟာရက်ကန်းစက်ရုံနဲ့ မြသဇင်စက်ရုံတို့ကို သွားကြည့်ပြီး နေ့လယ်စာ ထမင်းအတူစားကာ သိမ်တောင်ဘုရားကြီးနဲ့ မြတ်ညီနောင်ဘုရားဖူးပြီး နေ့လယ် ၁ နာရီခွဲမှာ မန္တလေးကို ပြန်သွားပါတယ်။

သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013