DVB Logo
Home
မြန်မာသတင်း
ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ထော်လာဂျီနှင့် လိုက်ထရပ်ကား တိုက်မိ၊ ၁ ဦး သေဆုံး
DVB
·
October 25, 2017
Donate to DVB

မိတ္ထီလာမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမိုင်တိုင် ၃၁၂/၀ နဲ့ ၁ အကြား အောက်တိုဘာလ ၂၄ ရက်ညနေ ၃ နာရီက ဝမ်းတွင်းမြို့နယ် ဂွေးကန်ရွာနေ ကိုဖိုးပြိုင်း မောင်းလာတဲ့ အမြန်လမ်းကို တက်လာတဲ့ ထော်လာဂျီနောက်ပိုင်းကို လိုက်ထရပ်ကားက ဝင်တိုက်မိရာ ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရတယ်လို့ သီးကုန်းအမြန်လမ်းရဲစခန်းက ပြောပါတယ်။

ဖြစ်စဉ်မှာ ဝမ်းတွင်းမြို့နယ် ဂွေးကန်ရွာနေ ကိုဖိုးပြိုင်း မောင်းလာတဲ့ ထော်လာဂျီမှာ မြေသားလမ်းမှ အမြန်လမ်းပေါ်ကိုတက်ပြီး မန္တလေးဘက်ကို မောင်းပါတယ်။ အမြန်လမ်းပေါ်မှာပဲ မောင်းလာတဲ့ ပေါက်ခေါင်းမြို့နယ် ရွှေကူရွာနေ ယာဉ်မောင်း ကိုနိုင်မျိုးအောင်(ခ)နောင်နောင်ရဲ့ လိုက်ထရပ်ကားက ထော်လာဂျီနောက်ပိုင်းကို ဝင်တိုက်မိပြီး လိုက်ထရပ်ကားပေါ်မှ ကိုနိုင်မျိုးအောင်နှင့် မောင်သက်ဝေဇင်တို့ ဒဏ်ရာရခဲ့ပါတယ်။ မိတ္ထီလာဆေးရုံမှာ ကိုနိုင်မျိုးအောင် သေဆုံးသွားတယ်။ ထော်လာဂျီမောင်းတဲ့ ကိုဖိုးပြိုင်း ထွက်ပြေး တိမ်းရှောင်သွားတယ်လို့ သီးကုန်းအမြန်လမ်းရဲစခန်းက ဆိုပါတယ်။

သီးကုန်း အမြန်လမ်းရဲစခန်း ဒုရဲအုပ်မြင့်ကျော်က “စခန်းမှူးနဲ့ ရဲတပ်ဖွဲ့ဝင် ၁၅ ဦး မီးသတ်တပ်ဖွဲ့ ကျန်းမာရေးအဖွဲ့တွေနဲ့ သွားခဲ့တယ်။ မောင်သက်ဝေဇင် နဖူးပေါက်တယ်။ ဝဲယာတံတောင်ပွန်းပဲ့ စိုးရိမ်ရတယ်။ ကိုနိုင်မျိုးအောင်ကတော့ နဖူးရောင်တယ်။ ဝဲယာခြေမ ပေါက်ပြဲတယ်။ မိတ္ထီလာဆေးရုံရောက်မှ သေဆုံးသွားတယ်" လို့ ပြောပါတယ်။

သီးကုန်းအမြန်လမ်းရဲစခန်းက ကိုဖိုးပြိုင်းကို အမြန်လမ်းပေါ် ထော်လာဂျီ မောင်းခွင့်မရှိဘဲ မောင်းတာကြောင့် အမြန်လမ်းမကြီး ဥပဒေပုဒ်မ ၁၈ နဲ့ ယာဉ်မဆင်မခြင် မောင်းလို့ လူသေဆုံးမှု၊ ပြင်းထန်ဒဏ်ရာရမှု၊ ထွက်ပြေးမှု ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၂၀၂ တို့နဲ့ ယာဉ် (ပ)၃၄/၂၀၁၇ နဲ့ အမှုဖွင့်ထားပါတယ်။

သတင်း - မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013