DVB Logo
Home
မြန်မာသတင်း
ကျပ်သိန်း ၁၄၀၀ ကျော် ယူဆောင်ထွက်ပြေးသည့်ကုမ္ပဏီယာဉ်မောင်း ထွက်ပြေးလွတ်မြောက်နေ
DVB
·
October 25, 2017
ကျပ်သိန်း ၁၄၀၀ ကျော် ယူဆောင်ထွက်ပြေးသည့်ကုမ္ပဏီယာဉ်မောင်း ထွက်ပြေးလွတ်မြောက်နေ
Donate to DVB

 

ကျပ်ငွေသိန်း ၁၄၀၀ ကျော်ကို ယူဆောင်ထွက်ပြေးသွားတဲ့ ကားကို ရွှေပြည်သာ တံတားအဆင်းနဲ့ ၁၄ လမ်းဆုံကြားမှာ ပြန်လည် တွေ့ရှိခဲ့ပြီး ကားမောင်းတဲ့ တရားခံကို တွေ့ရှိပါက ဆက်သွယ်ဖို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ ကထုတ်ပြန်ပါတယ်။

မနေ့က ရန်ကုန်၊ မရမ်းကုန်းမြို့နယ် ဘုရင့်နောင်မှာ ကုမ္ပဏီတခုရဲ့ ဝန်ထမ်းတွေဟာ ဘဏ်ကိစ္စ ဆောင်ရွက်နေတုန်း ကားပေါ်ထားခဲ့တဲ့ ကျပ်ငွေသိန်း ၁၄၀၀ ကျော်ကို ကုမ္ပဏီ ယာဉ်မောင်းက ယူပြီး ထွက်ပြေးသွားခဲ့တာပါ။

စီစီတီဗွီ မှတ်တမ်းတွေက ရရှိတဲ့ ကားပုံတွေကို ရဲတပ်ဖွဲ့ ဖေ့စ်ဘုတ်ကနေ ဖော်ပြခဲ့ပြီး အင်းစိန်မြို့နယ်၊ ရွှေပြည်သာတံတား အဆင်းနဲ့ ၁၄ လမ်းဆုံအကြား မြဧရာ တိုက်တန်းရှေ့မှာ ရပ်တန့်ထားကြောင်း ပြည်သူတယောက်က သတင်းပေးလာခဲ့ပါတယ်။

ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းအကူဌာနစုမှတပ်ဖွဲ့ဝင်တွေဟာ ကားတွေ့ရှိခဲ့တဲ့ နေရာကို သွားရောက် အတည်ပြုခဲ့ပြီး အခင်းဖြစ်စဉ်မှာ ပါသွားတဲ့ မော်တော်ယာဉ်ဖြစ်ကြောင်းနဲ့ မော်တော်ယာဉ်မှာ တံခါးတွေကို လော့ခ်ချ ပိတ်ထားပြီး ယာဉ်အတွင်း ဆာလာအိတ်ခွံတွေသာ တွေ့ရှိခဲ့ရတယ်လို့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က သတင်းထုတ်ထားပါတယ်။

အောက်တိုဘာ ၂၄ ရက်နေ့ နေ့လယ် ၁ နာရီလောက်မှာ မရမ်းကုန်းမြို့နယ်နေ ကုမ္ပဏီငွေထိန်းဝန်ထမ်း မယွန်းဖြူ၊ မဇင်မာလွင်နဲ့ ယာဉ်မောင်းဖြစ်သူ ကျော်ဇင်ဦး (၃၀ နှစ်) ဟာ ကုမ္ပဏီပိုင်ကားနဲ့ ကုန်သည်တွေက စားအုန်းဆီဖိုး ပေးသွင်းထားတဲ့ ငွေကျပ် သိန်း ၁၄၀၀ ကျော်ကို ဘဏ်တွေက ထုတ်ယူပြီး မရမ်းကုန်းမြို့နယ်၊ ယုဇနလမ်းက ကမ္ဘောဇဘဏ်ကို ရောက်လာခဲ့ပါတယ်။ ကားပါကင်နေရာလွတ်မရှိတဲ့အတွက် မယွန်းဖြူနဲ့ မဇင်မာလွင်တို့က ကားပေါ်က ဆင်းပြီး ငွေတွေသွားရောက်ထုတ်ယူပြန်လာစဉ်မှာ ယာဉ်မောင်းနဲ့ ကားကို မတွေ့တာကြောင့် ယာဉ်မောင်း ဖြစ်သူ ကျော်ဇင်ဦးရဲ့ လက်ကိုင်ဖုန်းကို ဆက်သွယ်ရာမှာလည်း စက်ပိတ်ထားတယ်လို့ မယွန်းဖြူက ပြောပြပါတယ်။

ကုမ္ပဏီပိုင်ငွေတွေကို မော်တော်ယာဉ်နဲ့အတူ မောင်းနှင်ထွက်ပြေးသွားတဲ့ ကျော်ဇင်ဦးကို အရေးယူပေးဖို့ တိုင်းတန်းချက်အရ ဘုရင့်နောင်နယ်မြေ ရဲစခန်း(ပ)၁၁၂၉/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၈၁ နဲ့ အမှုဖွင့် အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013