DVB Logo
Home
မြန်မာသတင်း
ပြည်မြို့နယ်တွင်း တောင်ယာတချို့၌ ကြွက်ဝမ်းဖြူများက သီးနှံများကိုဖျက်ဆီးနေ
DVB
·
October 25, 2017
ပြည်မြို့နယ်တွင်း တောင်ယာတချို့၌  ကြွက်ဝမ်းဖြူများက သီးနှံများကိုဖျက်ဆီးနေ
Donate to DVB

 

ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်အတွင်းက ကျေးရွာတွေရှိ တောင်ယာတချို့မှာ ကြွက်ဝမ်းဖြူတွေက သီးနှံတွေကို ဖျက်စီးနေကြပါတယ်လို့ ဒေသခံရွာသားတွေကပြောပါတယ်။

တွင်းဗျည်း၊ မှော်ဇာ၊ ကုန်းရိုး၊ မုဋ္ဌော၊ ကြို့ရပ်သာ စတဲ့ ကျေးရွာတွေမှာ စိုက်ပျိုးထားကြတဲ့ စပါး၊ မတ်ပဲ၊ ပြောင်းစတဲ့ သီးနှံခင်းတွေထဲမှာ အခုရက်ပိုင်းအတွင်း နှုတ်သီးချွန်ချွန်နဲ့ကြွက် ၀မ်းဖြူတွေက ကိုက်ဖြတ်စားသောက်ကြတာကြောင့် သီးနှံတွေပျက်စီးနေတာပါ။

ကြွက်သတ်ဆေးချခဲ့ပေမဲ့လည်း၊ တခါကနေ နှစ်ခါဆိုရင် အဲဒီဆေးကိုကြွက်တွေက မစားတော့ဘူးလို့ ဒေသခံ တွင်းဗျည်းကျေးရွာသား ဦးစံသိန်းကပြောပါတယ်။

ကြွက်တွေဟာ လျှင်မြန်ပြီး ဖမ်းဆီးရခက်ခဲတဲ့အကြောင်းနဲ့ သစ်ပင်ပေါ်တွေနဲ့ တခြားသတ္တ၀ါတွေရဲ့ တွင်းတွေထဲမှာဝင်ရောက်နေထိုင်ကြတယ်လို့ဆိုပါတယ်။

ကုန်းရိုးရွာသား ဦးအေးလှိုင်က “ကြွက်တွေက စပါးပင်တွေ နို့ရည်တည်ချိန်၊ မှို့ကပ်ချိန်တွေကျမှ ရောက်လာကြပြီး၊ စပါးပင်တွေကို အပင်အရင်းကနေကိုက်ဖြတ်ကြပါတယ်။ မတ်ပဲကိုလဲ သူတို့အရမ်းကြိုက်ကြပါတယ်။  တချို့တောင်သူတွေကတော့ ကြွက်ကိုက်ထားတဲ့ စပါးပင်တွေကို နွားကြွေးပြစ်လိုက်ရပါတယ်လို့”လို့ပြောပါတယ်။

အခုလိုကြွက်တွေဖျက်ဆီးတာကြောင့် လယ်ဧက ၂၀၀ကျော်လောက်နဲ့၊ မတ်ပဲနဲ့ပြောင်း၊ တွေပါအနည်းငယ်စီ ထိခိုက်ပျက်စီးကြတယ်လို့ ဒေသခံတွေကဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013