DVB Logo
Home
မြန်မာသတင်း
တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံသားများကို လက်နက်မှုဖြင့် ဖမ်းဆီးအရေးယူ
DVB
·
October 25, 2017
Donate to DVB

ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့မှာ တရားမဝင် လက်နက်ခဲယမ်းများ လက်ဝယ် ကိုင်ဆောင်ထားတဲ့ ထိုင်းနိုင်ငံသားတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက် ရပ်ကွက် ၁-လမ်းနေ ဦးအိုက်ကျွဲ့ရဲ့ နေအိမ်ကို တာဝန်ရှိသူတွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က  အောက်တိုဘာ ၂၃ ရက် နေ့လယ် ၁ နာရီဝန်းကျင်ခန့်က သတင်းအရဝင်ရောက်ရှာဖွေရာ ဦးအိုက်ကျွဲ့နဲ့အတူ ထိုင်းနိုင်ငံသား သနာပွန်စီရိပန်အပါအ၀င် ၄ ဦးကို တွေ့ရှိရပြီး ဆက်လက်ရှာဖွေရာ ဦးအိုက်ကျွဲ့ နေအိမ် အိပ်ခန်းထဲက အိပ်ရာခုတင်ခြေရင်းအောက် ကြမ်းပြင်မှာ Glock 675 နံပါတ်ပါ ၉မမ ပစွတိုသေနတ် ၁ လက်၊ ကျည်အိမ် ၂ ခု၊ ကျည် ၁၀၀ တောင့်နဲ့ ပွိုင့် ၄၅ ကျည် ၁၀၀ တောင့်ကို တွေ့ရှိဖမ်းမိခဲ့တယ်လို့ တာချီလိတ်မြို့မရဲစခန်းက သိရပါတယ်။

“အောက်တိုဘာလ ၁၄ ရက်မှာ သေနတ်ပစ်ခတ်မှုတွေ ဖြစ်ခဲ့တဲ့အတွက် မြို့ထဲမှာ သေနတ်တွေ ရှိရမယ်၊ နောက်ထပ်မံ မဖြစ်ပွားဖို့အတွက် ရှာဖွေရေး ဆောင်ရွက်နေတဲ့အချိန်မှာပဲ သတင်းပေးအရ ဖမ်းဆီးခဲ့တာပါ။ ဖမ်းမိတဲ့သူတွေဟာ ထိုင်းငံသားတွေ ဖြစ်တယ်”လို့ တာချီလိတ် မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးကြည်စိုးက ပြောပါတယ်။

လက်နက်နဲ့ ဆက်စပ်ပစ္စည်းတွေ ဖမ်းမိတဲ့ အိမ်ရှင်ဦးအိုက်ကျွဲ့နဲ့ အဆိုပါထိုင်းနိုင်ငံသား အပါအဝင် ၅ ဦးကို လက်နက်ခဲယမ်းများ ဥပဒေအရ ပ၂၁၂/၂၀၁၇ ၁၉၂၄ ခုနှစ် ရှမ်းပြည်နယ် လက်နက်ဥပဒေတွေနဲ့ အမှုဖွင့် ဆောင်ရွက်နေပါတယ်။

သတင်း - သန်းစိုးအောင်၊ ဓာတ်ပုံ - တာချီလိတ်ရဲစခန်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013