DVB Logo
Home
မြန်မာသတင်း
ကန်တော်ကြီးပဲလေ့စ်ဟိုတယ်မီးလောင်မှု စုံညီခုံရုံးဖွဲ့စစ်ဆေးမည်
DVB
·
October 25, 2017
ကန်တော်ကြီးပဲလေ့စ်ဟိုတယ်မီးလောင်မှု စုံညီခုံရုံးဖွဲ့စစ်ဆေးမည်
Donate to DVB

 

ကန်တော်ကြီးပဲလေ့စ်ဟိုတယ်မီးလောင်မှုနဲ့ ပတ်သက်ပြီး စုံညီခုံရုံးဖွဲ့ စစ်ဆေးမှာဖြစ်ပေမယ့် လက်ရှိအချိန်ထိ အသေးစိတ်ထုတ်ပြန်ကြေညာချက်မရှိသေးပါဘူး။

ကန်တော်ကြီးပဲလေ့စ်ဟိုတယ်မီးလောင်မှုကို မီးသတ်၊ ရဲ၊ ထွေအုပ်၊ လျှပ်စစ်တို့နဲ့ သက်ဆိုင်ရာဌာနအလိုက် တာဝန်ရှိသူ ၆ ဦးပါတဲ့ စုံခုံဖွဲ့ကာ မီးလောင်ရတဲ့ အကြောင်းအရင်းနဲ့ ဆုံးရှုံးမှုတန်ဖိုး ကို စုံစမ်းစစ်ဆေးဖို့ လုပ်ဆောင်နေတာပါ။

လက်ရှိအချိန်မှာတော့ မီးလောင်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ ဟိုတယ်မန်နေဂျာကိုတော့ အမှုဖွင့် အရေးယူထားတယ်လို့  မင်္ဂလာတောင်ညွန့်မြို့နယ်ရဲစခန်း ဒုရဲမှူး ဇော်ဝင်းနိုင်ကပြောပါတယ်။

ဟိုတယ်မီးလောင်ချိန်မှာ Fire Alarm အချက်ပေးစနစ်၊ အလိုလျောက်ရေဖျန်းစနစ်တွေ တပ်ဆင်ထားမှုအားနည်းတာတွေရှိနေတယ်လို့ ရန်ကုန်မြို့ပြအင်ဂျင်နီယာ ဒေါက်တာ ကျော်လွင်က သုံးသပ်ပြောပါတယ်။

အခုလို မီးလောင်မှုတွေ တားဆီးဖို့အတွက် အချက်ပေးစနစ်တွေကို သေချာအသုံးပြုဖို့ လိုအပ်သလို မီးလောင်ချိန်မှာလဲ  မီးသတ်ကားတွေ အလွယ်တကူ ဝင်ထွက်သွား လာနိုင်ဖို့ လုပ်ဆောင်ထားဖို့လိုအပ်တယ်လို့လည်း ပြောပါတယ်။

ဟိုတယ်တွေမှာ တပ်ဆင်ထားတဲ့ မီးအချက် ပြစနစ်နဲ့ ပတ်သက်ပြီး ဟိုတယ်လုပ်ကိုင်ခွင့် လိုင်စင်လျှောက်ထားချိန်ကတည်းက စစ်ဆေးမှုတွေဆောင်ရွက်ပြီး သတ်မှတ်ချက်တွေနဲ့ ကိုက်ညီတဲ့ မီးဘေးလုံခြုံရေးစနစ်ပါရှိမှသာ လိုင်စင်ချပေးတာဖြစ်တယ်လို့ သိရပါတယ်။

ရန်ကုန် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပန်းဥယျာဉ်ရပ်ကွက်၊ ကန်ရိပ်သာလမ်း၊ ဦးတေဇ (ထူးကုမ္ပဏီ)ပိုင် ကန်တော်ကြီးပဲလေ့စ်ဟိုတယ်မှာ အောက်တိုဘာ ၁၉ ရက်နေ့မနက်က မီးလောင်မှုဖြစ်ပွားခဲ့ရာမှာ ဟိုတယ်ရဲ့၇၀ရာခိုင်နှုန်းလောက် မီးထဲပါသွားခဲ့ပြီး လူ ၂ဦးသေဆုံး ခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013