DVB Logo
Home
မြန်မာသတင်း
ဘုရင့်နောင်ကမ္ဘောဇဘဏ်ခွဲအနီး ကုမ္ပဏီယာဉ်မောင်းတဦး ငွေတင်ထားသည့်ကားမောင်းပြေး
DVB
·
October 24, 2017
ဘုရင့်နောင်ကမ္ဘောဇဘဏ်ခွဲအနီး ကုမ္ပဏီယာဉ်မောင်းတဦး ငွေတင်ထားသည့်ကားမောင်းပြေး
Donate to DVB

 

ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် ဘုရင့်နောင် ကမ္ဘောဇဘဏ်ခွဲအနီးမှာ ကုမ္ပဏီတခုရဲ့ ၀န်ထမ်းတွေဟာ ဘဏ်ကိစ္စလုပ်ဆောင်နေစဉ် ကုမ္ပဏီယာဉ်မောင်းသူက ကားပေါ်ထားခဲ့တဲ့ ငွေတွေယူပြီး ထွက်ပြေးသွားတဲ့အတွက် ဘဏ်က စီစီတီဗွီမှတ်တမ်းကို ရဲကိုပေးလိုက်တယ်လို့ ကမ္ဘောဇအုပ်စုရဲ့ အကြီးတန်း စီမံခန့်ခွဲရေးမန်နေဂျာ ဦးညိုမြင့်က ပြောပါတယ်။

“ကုမ္ပဏီဝန်ထမ်းက တခြားဘဏ်က ထုတ်တဲ့ငွေတွေကို ကားပေါ်တင်ထားတယ်။ ပြီးတော့ ကျနော်တို့ ဘဏ်တို့၊ ဘေးနားက ဘဏ်တို့မှာ လိုက်လုပ်နေတယ်ပေါ့။ အဲဒါမှာ ကားသမားက မောင်းပြေးတာပါ။ သူတို့ဆီက ကားသမားပါပဲ။ စီစီတီဗွီ မှတ်တမ်းကိုတော့ ရဲကိုပေးလိုက်ပါပြီ” လို့ ပြောပါတယ်။

ဒီနေ့ နေ့လယ်ပိုင်းက ဖြစ်ခဲ့တာလို့ သိရပြီး အသေးစိတ်သိရဖို့ ဘုရင့်နောင် ရဲစခန်းကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းကိုင်ဖြေကြားပေးမယ့်သူမရှိပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013