DVB Logo
Home
မြန်မာသတင်း
မအူပင်မှာ အနိုင်ရမည်ဟု ကြံ့ခိုင်ရေး အမတ်လောင်း ဒေါက်တာမျိုးသန့် တင် ပြော
DVB
·
April 1, 2012
မအူပင်မှာ အနိုင်ရမည်ဟု ကြံ့ခိုင်ရေး အမတ်လောင်း ဒေါက်တာမျိုးသန့် တင် ပြော
Donate to DVB

ဧရာဝတီတိုင်း မအူပင်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှာ ရွေးကောက်ပွဲ အခြေအနေကောင်းပြီး အနိုင်ရဖို့များတယ်လို့ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်း ဒေါက်တာမျိုးသန့်တင်က ပြောပါတယ်။

ရွေးကောက်ပွဲ အေးအေးချမ်းချမ်း မဲပေးနေကြတဲ့အကြောင်းနဲ့  မဲပြဿနာ တစုံတရာမရှိဘဲ  တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်တယ်လို့ ပြောပါတယ်။

မအူပင်မြို့နယ်ဟာ ၂၀၁၀ ရွေးကောက်ပွဲမှာ နယ်စပ်စည်ပင်ဝန်ကြီးဟောင်းနဲ့ လက်ရှိ  ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့် အနိုင်ရတဲ့နယ်မြေ ဖြစ်ပါတယ်။ ကြံ့ခိုင်ရေးပါတီက ဒေါက်တာမျိုးသန့်တင်၊ အန်အယ်လ်ဒီက ဦးစိန်ဝင်း၊ အန်ဒီအက်ဖ်ပါတီက ဒေါ်ခင်စုစုအောင်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ဦးမောင်မောင်သင်နဲ့ ခေတ်သစ်ပြည်သူ့ပါတီက ဦးသိန်းရွှေတို့ ယှဉ်ပြိုင်မှာပါ။ မအူပင်မြို့နယ်မဲဆန္ဒနယ် အမှတ် ၁ ဟာ ၁၉၉၀ ပြည့် ရွေးကောက်ပွဲမှာ  အန်အယ်လ်ဒီပါတီ ရှုံးနိမ့်ခဲ့ဖူးတဲ့နေရာ ဖြစ်ပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲ ဆန္ဒမဲပေးမှု အခြေအနေလေး သိချင်လို့ပါ။ မဲတွေ တော်တော်များများ ပေးနေကြပြီလား။

“အခြေအနေကောင်းပါတယ်။ ကျန်တာတွေတော့ ကျန်သေးတယ်။”

ဒီမြို့နယ်မှာ မဲပေးမယ့် အရေအတွက် ခန့်မှန်းခြေ ဘယ်လောက်ရှိလဲ။

“ရှိတာတော့ ၂ သိန်းနဲ့ ၁ ထောင်ကျော်လောက် ရှိတယ်။”

အခုချိန်မှာ ဘယ်လောက်လောက် ပေးပြီးပြီလဲ။

“ခန့်မှန်းလို့ သိပ်မရသေးဘူး။ လိုတာပိုတာတွေ ရှိနေမှာပါ။ ဒါပေမယ့် ခြုံပြောရင်တော့ အခြေအနေ ကောင်းပါတယ်။”

ရွေးကောက်ပွဲ အခြေအနေကကော၊ မြင်တွေ့ရသလောက် အေးအေးချမ်းချမ်းပဲလား။ ဒါမှမဟုတ်၊ ပြဿနာတစုံတရာများ ရှိလား။

“မြို့ထဲမှာတော့ အေးအေးချမ်းချမ်းပါပဲ။ တော်တော်များများ အေးချမ်းတယ်။”

မဲရုံအားလုံး ဘယ်နှရုံလောက်ရှိလဲ။

“မဲရုံ ၃၀၀ ကျော်ရှိပါတယ်။”

အခုကြိုတင်မဲတွေကော စရေတွက်ပြီလား။

“မရေတွက်သေးဘူး။ ကြိုတင်မဲတွေ ရောက်နေပြီ၊ ညနေ ၄ နာရီမှ စုပေါင်းရေတွက်ကြမယ်။”

ဘယ်လောက်ရှိလည်း အကြမ်းဖျဉ်း ရေတွက်ထားသေးလား။

“ပြောလို့မရသေးပါဘူး။”

အခုမြင်တွေ့ရသလောက်ကော ပါတီထောက်ခံသူတွေ အနေနဲ့ ဒေါက်တာ မျိုးသန့်တင် အနေနဲ့ နိုင်မယ့်အနေအထားမျိုးရှိလား။ ဘယ်လိုမျိုး ခန့်မှန်းမိလဲ။

“နိုင်ဖို့များပါတယ်။ အဲဒီလိုမျိုး ပြောလို့ရပါတယ်။”

ရွေးကောက်ပွဲဆိုင်ရာ ပြဿနာတွေ၊ မဲစာရင်း ပြဿနာတွေကော ရှိလား။

“ပြောရလောက်အောင် မရှိပါဘူး။ အားလုံးအဆင်ပြေပါတယ်။”

ကြံ့ခိုင်ရေးနဲ့ ပါတီပြိုင်ဖက်တွေနဲ့ မဲဆွယ်တဲ့နေရာမှာကော တစုံတရာ ပြဿနာ ရှိလား။

“ဒီနေ့ကတော့ မရှိဘူး။ မြို့ထဲမှာတော့ အေးအေးဆေးဆေးပါပဲ။ မြို့ရဲ့ ရပ်ကွက် ၁၂ ခုပေါ့။ မဲရုံ ၂၉ ရုံရှိတာကို၊ အဲဒီမှာတော့ တော်တော်ကောင်းပါတယ်။”

ဒါဆိုရင်တော့ လွတ်လပ်မျှတတဲ့ သန့်ရှင်းတဲ့ ရွေးကောက်ပွဲလို့ ပြောလို့ရလား။ ဒါမှမဟုတ် တခြားမမျှတမှုတွေ ရှိတယ်လို့ လက္ခဏာမျိုးတွေ တွေ့ရလား။

“အခုထိတော့ တရားမျှတပါတယ်။ ဟိုဘက်ဒီဘက် ဘာမှပြဿနာမရှိဘူး။”

ကျနော်တို့ ကြားနေတာ မဲဆွယ်ပွဲကာလတွေမှာ ကြံ့ခိုင်ရေး ပါတီကနေ အရင် အမတ်ဟောင်းက ဒီနေရာမှာ ၀င်ပြိုင်သွားတဲ့ ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့်ရဲ့ နာမည်ကို အသုံးပြုပြီး မဲဆွယ်တာတွေဘာတွေ တွေ့ရတယ်လို့ကြားတယ်။ ဒါတွေက ဟုတ်လား။

“အသုံးပြုတယ်ဆိုတာ မဟုတ်ဘူး။ အမှန်တရားပဲ ပြောတာလေ။ အမှန်တရားဆိုတာ မအူပင်ရဲ့ ဖွံ့ဖြိုးမှုတွေကို ပြီးခဲ့တဲ့ ၁၀ နှစ်လောက်ကတည်းက ဖွံ့ဖြိုးမှုကို အများဆုံးလုပ်တာက ကျနော်ရဲ့ ဒီပုဂ္ဂိုလ်ပဲလေ။ အဲဒါကို အရှိကိုအရှိအတိုင်း ပြောတာပါ။ ဒီလိုဖွံ့ဖြိုးချင်ရင် ဒီလိုဖွံ့ဖြိုးနိုင်အောင် လုပ်ပေးမယ့်သူကို မဲပေးကြပေါ့။ ဒါကတော့ ဒီလိုပြောရတာပေါ့။”

ပြီးခဲ့တဲ့ရက်တွေမှာ အထူးသဖြင့် ရေလဲဘက်မှာ တချို့ကြိုတင်မဲ ကောက်တဲ့နေရာမှာ အိုမင်းမစွမ်း၊ နာမကျန်းတဲ့သူတွေကို ကြံ့ခိုင်ရေးအတွက် မဲပေးခိုင်းတဲ့သတင်းတွေကို ကျနော်တို့ကြားတယ်။ အဲဒါတွေအပေါ်မှာ ဘယ်လိုတုန့်ပြန်ချင်ပါသလဲ။

“ကျနော်တို့ရုံးမှာတော့ ဒီလောက်တော့ ပြောရလောက်အောင် မရှိပါဘူး။”

မဲဆန္ဒရှင်တွေအနေနဲ့ သူတို့ဟာသူတို့ လွတ်လွတ်လပ်လပ် မဲပေးခွင့်ရှိတယ်ဆိုတဲ့ အခင်းအကျင်းမှာ ရှိတယ်ပေါ့။

“ဟုတ်ပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013