DVB Logo
Home
မြန်မာသတင်း
မြိတ်မြို့ ကမ္ဘောဇဘဏ်ခွဲတွင် သေနတ်ထောက် အနုကြမ်းစီးမှု ဖြစ်ပွား
DVB
·
October 24, 2017
မြိတ်မြို့ ကမ္ဘောဇဘဏ်ခွဲတွင် သေနတ်ထောက် အနုကြမ်းစီးမှု ဖြစ်ပွား
Donate to DVB

 

မြိတ်မြို့ ကန်ဖျားနယ်မြေ၊ ကန်ဖျားလမ်းမကြီး တွင် ဖွင့်လှစ်ထားသည့် ကမ္ဘောဇ ဘဏ်ခွဲမှာ အောက်တိုဘာလ ၂၄ ရက် နေ့လယ် ၂ နာရီခွဲလောက်က အမည်မသိအမျိုးသားတဦးမှ သေနတ်ထောက်ပြီး အနုကြမ်းစီးမှုဖြစ်ပွားခဲ့ကြောင်း ဘဏ်မှာငွေလာလွှဲသူတဦးက ပြောပါတယ်။

အနုကြမ်းစီးသွားတဲ့ အမျိုးသားဟာ ကန်ဖျားလမ်းဆုံဘက်မှ ပိတောက်ပင်လမ်းဆုံ ဘက်သို့ မောင်းနှင်လာပြီး ကမ္ဘောဇဘဏ်ခွဲရှေ့မှာ ရပ်နားကာ ဘဏ်ခွဲတွင်းသို့ ငွေလွှဲဖို့ ၀င်ရောက်လာသူကို သေနတ်နဲ့ ထောက်ပြီး ဘဏ်ခွဲမှတာဝန်ရှိသူကို အမိန့်ပေး ငွေထုတ်ယူသွားကြောင်း သိရပါတယ်။

ငွေလာလွဲသူ ကိုအောင်မိုးဇော်က "ကျနော် ငွေလွှဲဖို့လာတယ်။ ဘဏ်ထဲမှာငွေလွှဲပြီး စလစ်စောင့်နေတုန်း သေနတ်သမားက ကျနော့်ကျောကို သေနတ်နဲ့ထောက်ပြီး ဝပ်ခိုင်းတယ်။ ကျနော်ဝပ်လိုက်မှ ဘဏ်ကဝန်ထမ်းကို ပိုက်ဆံတွေထုတ်ခိုင်းတယ်။ ပိုက်ဆံယူပြီး ထွက်ပြေးသွားတယ်။ သူက ဆိုင်ကယ်စီးဦးထုတ် ဆောင်းထားတော့ မျက်နှာကို ဘယ်လိုမှ မမြင်ရဘူး"လို့ ပြောပါတယ်။

မြိတ်ကမ္ဘောဇဘဏ်ခွဲမှာ အမည်မသိအမျိုးသားသေနတ်ပြ အနုကြမ်းစီးမှုမှာ ဘဏ်ခွဲတွင်းမှ ငွေသိန်း ၂၇၀ (၅ထောင်တန် ၅ စီး၊ ၁ထောင်တန် ၂ စီး)ပါသွားပြီး မြိတ်မြို့နယ်ရဲမှူး ဦးဆောင်ပြီး တရားခံဖမ်းဆီးရမိရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

သတင်း၊ ဓာတ်ပုံ - မြတ်ထွဋ် (မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013