DVB Logo
Home
မြန်မာသတင်း
ခရီးသည်တင်ယာဉ်ဖြင့် သယ်ဆောင်လာသည့် တရားမဝင်ကျွန်းတံခါးချပ်များ ဖမ်းဆီးရမိ
DVB
·
October 24, 2017
Donate to DVB

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့မှာ တရားမဝင် ကျွန်းတံခါးချပ်တွေ တင်ဆောင်လာတဲ့ ခရီးသည်တင်ယာဉ်တစီးကို အောက်တိုဘာ ၂၄ ရက်နေ့ မနက် ၈  နာရီလောက်က ဖမ်းဆီးရမိခဲ့တယ်လို့ ကျောက်တံခါးမြို့နယ် သစ်တောဦးစီးဌာနက ပြောပါတယ်။

“သတင်းရတာနဲ့ စောင့်ပြီး ဖမ်းလိုက်တာပါ။ အခုတော့ သစ်တောရုံးထဲမှာ တိုင်းတာထွာတာ လုပ်နေတယ်လေ။ ကားသမားကိုလည်း မိပါတယ်ခင်ဗျ။ သစ်တန်ကတော့ ၁ တန်အောက်ပါပဲ။ သတင်းရတာနဲ့ ရဲတပ်ဖွဲနဲ့ပေါင်းပြီးတော့ ဖမ်းလိုက်တာပါ” လို့ ကျောက်တံခါးမြို့နယ် သစ်တောဌာနမှ တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

နေပြည်တော်မှ ဘားအံမြို့ကို ပြေးဆွဲတဲ့ တော်ဝင်ခရီးသည်တင်ကားပေါ်မှာ ယာဉ်မောင်း အောင်ဝင်းထွန်းဟာ တရားမဝင် ကျွန်းတံခါးချပ် ဆိုက်စုံ ၈၆ ချပ်ကို ရေနီမြို့ကနေ တင်ဆောင် မောင်းနှင်လာတယ်လို့ဆိုတဲ့ သတင်းအရ ကျောက်တံခါးမြို့နယ် သစ်တောဌာနမှ ဝန်ထမ်းများနဲ့ ရဲတပ်ဖွဲဝင်များက မန္တလေးကားလမ်းဟောင်း မိုင်တိုင်အမှတ် ၁၁၄/၇ နဲ့ ၁၁၅ ကြားမှာ ကျောက်တံခါး မြို့လယ်ကောင် မီးပွိုင့်နားမှာ စောင့်ဆိုင်းနေခဲ့ရာမှ တရားမဝင် ကျွန်းတံခါးချပ်ဆိုက်စုံ ၈၆ ချပ် ၀ ဒသမ ၆၇၄၀ တန်ကို ဖမ်းဆီးရမိခဲ့ပါတယ်။

တရားမဝင် ကျွန်းတံခါးချပ်များ သယ်ဆောင်လာသူ ယာဉ်မောင်း အောင်ဝင်းထွန်းကို ကျောက်တံခါးမြို့မရဲတပ်ဖွဲ့စခန်းမှာ အမှုဖွင့် အရေးယူ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကလည်း အမြန်လမ်းမကြီး ၁၁၅  မိုင် တိုးဂိတ်နားမှာ တရားမဝင် ကျွန်းတံခါးချပ်တွေ တင်ဆောင်လာတဲ့ ယာဉ်တစီးကို ကျွန်းသစ်တံခါး ၁၁၂ ချပ် ၁ ဒသမ ၃၈၀၈ တန်နဲ့အတူ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပါတယ်။

သတင်း - ကျော်အောင်(ကညွတ်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013