DVB Logo
Home
မြန်မာသတင်း
လွတ်လပ်တရားမျှတမှု မရှိဟု ဒဂုန်တာရာပြော
DVB
·
April 1, 2012
လွတ်လပ်တရားမျှတမှု မရှိဟု ဒဂုန်တာရာပြော
Donate to DVB

ဒီနေ့ကျင်းပနေတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ မဲစာရင်းမှာ မပါတဲ့ မဲပေးနိုင်တဲ့ မဲဆန္ဒရှင်တွေ အများကြီးရှိပြီးတော့ လွတ်လပ်တရားမျှတမှု မရှိဘူးလို့ ထင်ရှားတဲ့ စာရေးဆရာ ဒဂုန်တာရာက ဒီဗွီဘီကိုပြောပါတယ်။ အသက် ၉၄ နှစ်ရှိ ဆရာ ဒဂုန်တာရာဟာ အောင်ပန်းမြို့မှာ မဲဆန္ဒ သွားရောက်ပေးခဲ့ပြီး ဒီနေ့ အခြေအနေနဲ့ မြန်မာပြည်နိုင်ငံရေး မျှော်လင့်ချက်တွေနဲ့ ပတ်သက်လို့ ကိုမင်းလွင်က ဆက်သွယ် မေးမြန်းထားပါတယ်။

ဒီနေ့ ဘဘ  မဲသွားပေးလား။

“ပေးဖြစ်ပါတယ်။”

၂၀၁၀ နဲ့ အခုကြားဖြတ်ရွေးကောက်ပွဲ အခြေအနေလေးအပေါ် ဘယ်လိုမြင်လဲ။

“အခုဟာက နည်းနည်းတော့ တော်ပုံထင်ရတယ်။”

ဘယ်လိုမျိုးခံစားရလဲ။

“ခံစားရတာတော့ရှိတယ်။ မဲကစေ့ငှအောင် မပေးကြဘူး။ သူတို့က မပေးခိုင်းတာ၊ တောကလူတွေကို လိမ်တာပေါ့၊ လိမ်ပြီးတော့ မဲမပေးရအောင် လုပ်တယ်။”

ဘယ်လိုမျိုး မဲမပေးတာလဲ ဘဘ။

“၇ ယောက်ရှိရင် ၂ ယောက်လောက်ပဲ ပေးရတယ်။”

အောင်ပန်းမြို့ပေါ်မှာကော တော်တော်များများ သွားပေးကြတာတွေ ရှိကြလား။

“သိပ်မကြားရဘူး။ ကျနော်က နောက်ကျတယ်။”

အခုလာတဲ့ ကြားဖြတ်ရွေးကောက်ပွဲကို လူထုက ဘယ်လို အနေအထားရှိလဲ။

“စိုးရိမ်တဲ့သဘော ရှိတယ်။”

အန်အယ်လ်ဒီပါတီ အနေနဲ့ကော အခုကြားဖြတ်ရွေးကောက်ပွဲကို ဘယ်လောက်ထိ မျှော်လင့်လဲ။

“အောင်ဆန်းစုကြည်နဲ့ လူချင်းကွာတယ်လေ။ စစ်သားတွေက ဘာမှမတတ်ဘဲ။ ကျောင်းလဲမနေရဘူး။ ဆင်းရဲတယ်။ သူတို့စည်းရုံးပွဲ မလုပ်ခင်မှာ ဘာမှမသိဘူး။ ရွေးကောက်ပွဲက အသိအမှတ်မပြုဘူး။ အလကားကောင်တွေ၊ လူမှမဟုတ်ဘဲ။”

လက်ရှိ ရွေးကောက်ပွဲကကော လွတ်လွတ်လပ်လပ် ရှိလား။

“မလွတ်လပ်ဘူး။”

ဘယ်လိုဟာမျိုးတွေ မလွတ်လပ်တာလဲ။ ဘဘပြောလို့ရမလား။

“မဲမထည့်ခိုင်းဘူး။ သူတို့က ဘာပေးမယ်၊ ညာပေးမယ်၊ တံတားဆောက်မယ် ဆိုပြီးလည်း မဆောက်ဘူး။”

ရွေးကောက်ပွဲအပြီး နောက်ပိုင်းအတွက် မြန်မာပြည် နိုင်ငံရေး အခင်းအကျင်းကို ဘယ်လိုပြောလို့ရမလဲ။ ဘဘ ခန့်မှန်းချက်ကို ပြောပြပါ။

“မကောင်းဘူး၊ ကျနော်တော့ မကြိုက်ဘူး။”

ဘယ်လိုအနေအထားမျိုး မျှော်လင့်လို့ရမလဲ။

“သေနတ်တွေရှိနေတယ်။ ဒါက မကောင်းဘူး။”

ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်နိုင်ငံရေးပုံစံ လုပ်မယ်လို့လည်း ပြီးခဲ့တဲ့ မိန့်ခွန်းတွေမှာ ပြောခဲ့တယ်လေ။ အဲဒီအပေါ်မှာ ဘယ်လိုသုံးသပ်မိလဲ။

“ကောင်းပါတယ်။ အောင်ဆန်းစုကြည်က ပညာလည်းတတ်တယ်၊”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013